ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာလို့ မာဒါဂက်စ်ကာနိုင်ငံမှာ ဆေးရုံတွေမှာ ခုတင်လွတ် မရှိတော့

23-7-2020-yyl-008.jpg

မာဒါဂက်စ်ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာလို့ လူနာသစ် လက်မခံနိုင်တော့တဲ့ အခြေအနေရှိနေတယ်လို့ ဆေးရုံတွေက သတိပေးထားပါတယ်။ ဇူလိုင်လ ၂၂ ရက်က တစ်ရက်အတွင်း စံချိန်တင်လူနာသစ်တွေ့ရှိမှုအဖြစ် လူနာသစ် ၆၁၄ ယောက် ထပ်တွေ့ခဲ့လို့ စုစုပေါင်းလူနာ ၈၁၆၂ ယောက် ရှိလာခဲ့ပြီး လူ ၆၉ ယောက် သေဆုံးခဲ့ပါတယ်။

မာဒါဂက်စ်ကာသမ္မတက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ဖို့အတွက် သစ်ဥ၊ သစ်ဖုတွေနဲ့ ဖော်စပ်ထားတဲ့ ဆေးရည်ကို သောက်ကြဖို့ တိုက်တွန်းထားပါတယ်။ အာဖရိကနိုင်ငံတော်တော်များများကလည်း Covid-Oraganics လို့ အမည်ရတဲ့ ဆေးရည်ကို မှာယူထားကြပါတယ်။ ဒါပေမဲ့ အဲဒီဆေးရည်က ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောပါတယ်။

မာဒါဂက်စ်ကာနိုင်ငံမြို့တော် အန်တာနာနာရီဗိုမြို့က ဆေးရုံတွေမှာ ခုတင်လွတ်တွေ မရှိတော့ပါဘူး။ ဒါ့အပြင် တခြားဆေးရုံနှစ်ခုရဲ့ ဒါရိုက်တာတွေကလည်း မနိုင်ဝန် ထမ်းနေရသည့် အခြေအနေဖြစ်နေတယ်လို့ ထုတ်ပြောထားပါတယ်။ ပြီးခဲ့သည့်တနင်္လာနေ့မှာ ကျန်းမာရေးဝန်ကြီးက စမ်းသပ်ရေးကိရိယာတွေ၊ အသက်ရှူကိရိယာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံတွေ ပေးအပ်ဖို့ ထောက်ပံ့ရေးအေဂျင်စီတွေကို အိတ်ဖွင့်ပေးစာပေးပြီး တောင်းဆိုခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top