၅၅ ဧကကျယ်ဝန်းတဲ့ သက်တံရောင်ပန်းခင်းကြီး

်ူသတနမ.jpg

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှ ပန်းခင်းကြီးကတော့ လာရောက်ကြည့်ရှုမယ့်သူတွေကို စတင်ဝင်ခွင့်ပေးလိုက်ပါပြီ။ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဒီပန်းခင်းကြီးထဲမှာ တူရကီမျိုးစိတ် ranunculus ပန်းတွေ ပွင့်နေတာ နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပါပြီ။

၅၅ ဧက ကျယ်ဝန်းတဲ့ ပန်းခင်းကြီးကို သက်တံရောင် ပန်းခင်းကြီးလို အရောင်အသွေးစုံအောင် ဖန်တီးထားတာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မတ်လရောက်ရင် လာရောက်လည်ပတ်သူတွေအတွက် ပန်းခင်းကို ဖွင့်လှစ်ပေးလေ့ရှိပါတယ်။ နံနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ပန်းခင်းဖွင့်လှစ်ပြီး လူကြီးတစ်ယောက်အတွက် ဝင်ကြေး ၂၇ ဒေါ်လာ ပေးရမှာပါ။

ပန်းခင်းဝင်ခွင့် လက်မှတ်တွေကို အွန်လိုင်းကနေ ရောင်းချတာဖြစ်ပြီး ပန်းခင်းထဲမှာ ထွန်စက် လိုက်စီးတာ၊ ကလေးတွေအတွက် လိပ်ပြာ ကြည့်တာ၊ နှဲပန်းတွေကို အမေရိကန်နိုင်ငံအလံ ပုံဖော်တာ၊ နေကြာစိုက်ခင်း၊ ရုပ်တုပန်းခြံ အစရှိတာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: Stunning Flower Fields in California Have Been Enchanting Tourists and Locals For Decades

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top