မြန်မာနှင့် အစ္စရေး နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရရှိပြီ

20170613_large.jpg

မြန်မာနိုင်ငံနှင့် အစ္စရေး နှစ်နိုင်ငံတို့အကြား သွားလာရာတွင် ကြိုတင်ဗီဇာလျှောက်ထားရန် မလိုဘဲ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ရပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တိုးမြှင့်စေရန် ရည်ရွယ်၍ ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နှစ်နိုင်ငံ သံတမန်များက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းဗီဇာကင်းလွတ်ခွင့်မှာ ရက် ၉ဝ ကြာ နေထိုင်ခွင့်ရရှိမည်ဖြစ်ကာ အထူး/ဝန်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသာ အကျုံးဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း သာမန်နိုင်ငံကူးလက်မှတ်(အနီ)ကိုင်ဆောင်သူများ ရရှိမည်မဟုတ်သေးဘဲ အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသာ ဗီဇာကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

လက်ရှိတွင် သာမန်နိုင်ငံကူးလက်မှတ်(အနီ)ကိုင်ဆောင်ထားသူများမှာ မလေးရှားမှ လွဲ၍ အာဆီယံနိုင်ငံများကို ဗီဇာမလိုဘဲ သွားရောက်ခွင့်ရရှိထားသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top