စံချိန်အသစ်တင်ခဲ့တဲ့ အလေးချိန် ၂၅၅၄ ပေါင် ရှိတဲ့ ဧရာမရွှေဖရုံသီး

3-10-2022-yyl38.jpg

နယူးယောက်အထက်ပိုင်းမှာ စိုက်ပျိုးဖြစ်ထွန်းခဲ့တဲ့ အလေးချိန် ၂၅၅၄ ပေါင်ရှိတဲ့ ရွှေဖရုံသီးက အမေရိကန်မှာ အလေးဆုံးရွှေဖရုံသီးကြီးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ Great Pumpkin Farm ပွဲတော်မှာ စကော့တ် အန်ဒရက်ဇ်ရဲ့ ဒီရွှေဖရုံသီးကြီးဟာ အရင်က အလေးချိန် ၂၅၂၈ ပေါင်ရှိတဲ့နိုင်ငံတော်အဆင့်စံချိန်ကို ချိုးခဲ့တာပါ။

အရင်က နယူးယောက်ပြည်နယ်အဆင့်စံချိန်ချိုးခဲ့တဲ့ ရွှေဖရုံသီးက အလေးချိန် ၂၅၁၇ ပေါင်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အနိုင်ရရှိခဲ့တဲ့ အသီးအနှံကို အောက်တိုဘာ ၁၆ ရက်နေ့အထိ Great Pumpkin Farm မှာ ခင်းကျင်းပြသသွားမှာပါ။

အလေးဆုံးရွှေဖရုံသီးအတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို ကိုင်ဆောင်ထားတာကတော့ အီတလီနိုင်ငံက အသီးအနှံစိုက်ပျိုးသူပါ။ သူက ၂၀၂၁ ခုနှစ်မှာ အလေးချိန် ပေါင် ၂၇၀၂ ရှိတဲ့ ရွှေဖရုံသီးကြီးကို စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။

Ref: ABCNews “Super squash: 2,554-pound pumpkin carves out new US record”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top