ဝေဟင်စောင့်ကြည့်ရေးသဘောတူညီချက်(The Open Skies)ကနေ အမေရိကန် နုတ်ထွက်

22-5-2020-yyl-022.jpg

ဒါဇင်နဲ့ချီတဲ့ အဖွဲ့ဝင်နိုင်ငံတွေပေါ်မှာ လက်နက်မပါတဲ့ ဝေဟင်စောင့်ကြည့်ရေးခရီးစဉ်တွေ ပျံသန်းခွင့်ပြုတဲ့ အဓိကသဘောတူစာချုပ်ကနေ နုတ်ထွက်သွားမယ်လို့ အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အကျုံးဝင်ခဲ့တဲ့ The Open Skies သဘောတူစာချုပ်ဟာ ယုံကြည်မှုအားကောင်းစေရေးနဲ့ တိုက်ခိုက်မှုတွေ မဖြစ်ပွားစေဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ရုရှားနိုင်ငံက စာချုပ်ပါ အချက်အလက်တွေကို ထပ်ဖန်တလဲလဲ ချိုးဖောက်နေလို့ The Open Skies သဘောတူစာချုပ်ကနေ နုတ်ထွက်တာလို့ အမေရိကန် ထိပ်တန်းအရာရှိတွေက ပြောပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံနဲ့ သဘောတူညီချက်သစ် ရယူနိုင်ဖို့ အခွင့်အလမ်းကောင်း ရှိနေတယ်လို့ ပြောပါတယ်။ ” ကျွန်တော့်အထင်တော့ ရုရှားနဲ့ ကျွန်တော်တို့နိုင်ငံကြား ဆက်ဆံရေးအရမ်းကောင်းပါတယ်။ ဒါပေမဲ့ ရုရှားက စာချုပ်က မလိုက်နာဘူး။ သူတို့ဘက်က မလိုက်နာမချင်း စာချုပ်ကနေ ကျွန်တော်တို့ နုတ်ထွက်ပါတယ်”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အမေရိကန်နိုင်ငံက ၆ လအတွင်းမှာ အဲဒီစာချုပ်ကနေ တရားဝင် နုတ်ထွက်သွားမှာလို့ အရာရှိတွေက ပြောပါတယ်။

The Open Skies သဘောတူစာချုပ်မှာ ရုရှား၊ ကနေဒါ၊ ဗြိတိန်နိုင်ငံတွေအပါအဝင် နိုင်ငံ ၃၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အဲဒီစာချုပ်ကို ချိုးဖောက်ခဲ့ခြင်းမရှိဘူး၊ အမေရိကန်နိုင်ငံရဲ့ နုတ်ထွက်မှုက အရမ်းဝမ်းနည်းဖို့ကောင်းတယ်လို့ ပြောပါတယ်။ အမေရိကန်အစိုးရက လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်အားလုံးကို လမ်းချော်သွားအောင် လုပ်နေတာလို့ သူက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top