အမေရိကန်နဲ့ သဘောတူစာချုပ် ချုပ်ဆိုပြီး ရက်ပိုင်းအကြာမှာ တာလီဘန်အဖွဲ့က အာဖဂန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုလုပ်ဖို့ ပြင်ဆင်

yyl-00၃.jpg

အာဖဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန်နိုင်ငံနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့တွေကို တစ်ကျော့ပြန် တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်နေပါတယ်။ အမေရိကန်နိုင်ငံနဲ့ သဘောတူစာချုပ် မချုပ်ဆိုခင် သီတင်းပတ်မှာ တာလီဘန်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျှော့ချခဲ့ပါတယ်။ အဲဒီစာချုပ်မှာ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ်ဆိုတဲ့ ကတိပြုချက် ပါဝင်ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးထားတဲ့ တာလီဘန်အကျဉ်းသား ၅၀၀၀ ကို အာဖဂန်နစ္စတန်အစိုးရက ပြန်မလွှတ်ပေးဘူးဆိုရင် ဆွေးနွေးမှုလုပ်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်ထဲမှာ တာလီဘန်အကျဉ်းသား ၅၀၀၀ ကို ပြန်လွှတ်ပေးမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။ ဒါပေမဲ့ တာလီဘန်အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ သဘောတူခဲ့ခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဂါနီက ပြောပါတယ်။ အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့တွေကို တစ်ကျော့ပြန် တိုက်ခိုက်မှုလုပ်သွားမှာဖြစ်ပေမဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှာ မဟုတ်ဘူးလို့ တာလီဘန်အဖွဲ့က ပြောပါတယ်။ ခန့်မှန်းခြေအရ တာလီဘန်အဖွဲ့ဝင် ၁၀၀၀၀ လောက်ကို အာဖဂန်နစ္စတန်အစိုးရက ဖမ်းဆီးထားပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top