အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂-၁၂-၂၀၁၈ မှ ၈-၁၂-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-1-December.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၂-၁၂-၂၀၁၈ မှ ၈-၁၂-၂၀၁၈ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းသည် ဇဝေဇဝါဖြစ်နေသောကာလတစ်ခုမှပြန်လည်အဆင်ပြေလာမည်။လုပ်ငန်းတစ်ခုအတွက်အဆင်မပြေဖြစ်နေခြင်းများ ယခု အဆင်ပြေစပြုလာပြီဖြစ်သည်။ အခက်အခဲအားကျော်လွှားနိုင်ပါမည်။ လုပ်ငန်းသစ်များအတွက် အောင်မြင်မှုများ လုပ်ငန်းပါမစ်များရရှိမည်။ လုပ်ပိုင်ခွင့်များရရှိသဖြင့် ဝမ်းသာစရာများ ကြုံရမည့်ကာလဖြစ်သည်။ မိသားစုခရီးဝေးသွားရမည်။ ယာဉ်၊ စက်တို့နှင့်ပတ်သတ်၍ အရှုပ်အရှင်းပြေလည်မှုရှိမည်။ ကိုယ်ထက်ငယ်သော ညီ၊ညီမ၊တူ၊တူမ တို့ကျန်းမာရေးမကောင်းဖြစ်တတ်သည်။ အလုပ်အကိုင်ကောင်းလာတော့မည်။ အချစ်ရေးကံကောင်းနေပြီး အဖြေရလိမ့်မည်။ ချစ်သူထံမှ လက်ဆောင်ရတတ်သည်။ အိမ်ထောင်ရေးတွင် အနည်းငယ်ညံ့လာမည်။ လူမှုရေးတွင် ပါဝင်ဆောင်ရွက်ပါ။ ဝန်ထမ်းများ စိတ်ညစ်ရတတ်သည်၊ အလုပ်ဝန်ပိနေလိမ့်မည်။ အင်တာဗျုးများ အောင်မြင်မည်။ ရာထူးတက်ခြင်းများ ရှိမည်။
ကံကောင်းစေဖို့အတွက် – တနင်္ဂနွေနေ့ နံနက်တွင် အိမ်ဘုရားအား အုန်းထမင်းကပ်လှူပူဇော်ပါ။ ကံကောင်းစေမည့် ဂဏန်းမှာ ၁ ။ ၅။ ၆

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့သည် လုပ်ငန်းအတွက် စိတ်ညစ်နေရခြင်းများ ပိုလာမည့် ရက်များဖြစ်သည်။ လုပ်ကိုင်တိုင်း အဆင်မပြေသဖြင့် စိတ်တိုင်းမကျသလိုဖြစ်တတ်မည်။ မိသားစုအရေးတွင်လည်း စိတ်ချမ်းသာရမှုနည်းလာလိမ့်မည်။ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းကို အကြောင်းပြုပြီး ဖြေရှင်းရကိန်းရှိသည်။ ရင်နှီးသူမှ ငွေ၊ ပစ္စည်း၊ အဝတ်အထည် စသည်တို့လိမ်တတ်သည်။ ဆရာသမား၏ အထင်လွဲခြင်းလည်းခံရမည်။ ခရီးယာယီများသွားရပါက စိတ်ချမ်းသာလိမ့်မည်။ ကျန်းမာရေးအထူးသတိထားပါ။ ဤရက်အတွင် ယာဉ်မတော်တဆ ဖြစ်တတ်သည်၊ အစာအိမ်နှင့်ပတ်သက်သောရောဂါရမည်။ လုံးဝမထင်မှတ်သော နေရာမှ ငွေဝင်မည်။ သို့သော် ထိုငွေကို ကြောင်းပြူပြီး စိတ်ညစ်ရတတ်သည်။ စက်ပစ္စည်းနှင့်ပတ်သတ်၍ အပြောင်းအလဲ အဝင်အထွက်ဖြစ်မည်။ အချစ်ရေးတွင် ပြေလည်လာလိမ့်မည်။ အထင်လွဲခြင်းရှိမည်။အိမ်ထောင်ရှိသူများ ဆွေမျိုးများကို အကြောင်းပြုပြီး သဘောထားကွဲနေမည်။ ဝန်ထမ်းများ အလုပ်ကောင်းပါသည်။
ကံကောင်းစေဖို့အတွက် – တနင်္လာနေ့ နံနက်တွင် အိမ်ဘုရားအား ကြာဇံကြော် ကပ်လှူပူဇော်ပါ။ ကံကောင်းစေမည့် ဂဏန်းမှာ ၂ ။ ၀။ ၇

အင်္ဂါ

ယခုအပါတ်အတွက် အင်္ဂါသားသမီးတို့သည် ခရီးများသွားနေရမည်။ စီးပွားရေးလုပ်ငန်းပေါ်ကအတိုက်အခံများကို အောင်မြင်လာမည်။ မရည်ရွယ်သောလုပ်ငန်း တစ်ခုပေါ်လာလိမ့်မည်။ ထိုမရည်ရွယ်သော အလုပ်အကိုင် သစ်အတွက်ကံကောင်းသည်။ ပြည်ပအလုပ်အကိုင် ကံကောင်းပါသည်။ စပ်တူလုပ်ငန်းတွင် အဆင်ပြေစပြုလာမည်။ သင့်အား အပြစ်မြင်နေသူများလိမ့်မည်။ မိမိလုပ်ကိုင်နေသော လုပ်ငန်းမှ မိတ်ဆွေများနှင့် ခွဲခွာရတတ်သည်။ ဘဝအတွက် အပြောင်းအလဲ ဖြစ်မည်။ မိသားစု၏ အကြီးအကဲတစ်ဦး နာမကျန်းဖြစ်မည်။ လုပ်ငန်းလည်းပြောင်းတတ်သည်။ ငွေကြေးနှင့်ပတ်သတ်၍ လုံးဝအာမခံပါနှင့် ရုံးရောက် စကားပြောရတတ်သည်။ ကျန်းမာရေးအနေဖြင့် အပူကြောင့်ဖြစ်သော ရောဂါဖြစ်တတ်သဖြင့် ဂရုစိုက်ပါ။ ချစ်သူနှင့် အဆင်ပြေလိမ့်မည်။ အိမ်ထောင်သည်များအဆင်ပြေမည်။ အစိုးရဝန်ထမ်းများ ငွေစာရင်းသတိထားပါ။ ပြင်ပဝန်ထမ်းများ လစာတိုးခြင်းရှိမည်။ကံကောင်းစေဖို့အတွက် – အင်္ဂါနေ့ နံနက်တွင် အိမ်ဘုရားအား ဇီးယို ကပ်လှူပူဇော်ပါ။ ကံကောင်းစေမည့် ဂဏန်းမှာ ၃ ။ ၁။ ၆

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးများ ဤရက်များသည် မည်သည့်အလုပ်ကို လုပ်ကိုင်ရမည်ဟု မယ်မယ်ရရမရှိသော ရက်များဖြစ်တတ်သည်။ စိတ်ညစ်ရတတ်သည်။ ဘာသာရေးကို အကြောင်းပြုပြီးခရီး သွားလာမှုများမည်။ ဘုရားဖူးသွားရမည်။ စီးပွားရေးလုပ်ငန်းများ အညံဘက်ပါစပြုနေတတ်ပြီး သတိထားလုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။ သို့သော် ကြုံတွေ့နေသောလူမှုရေးအခက်အခဲတစ်ခု ပြေလည်သွားမည်။ စပ်တူလုပ်ငန်းများ လုံးဝအကျိုးမပေးပါ။ ဆုံးပြီဟုထင်ထားသော အကြွေးများ၊ ငွေများ ပြန်ရလာမည်။ ကျန်းမာရေးအတွက် ခါးဝေဒနာခံစားရတတ်သည်။ အိမ်အပြောင်းအရွှေ့ပေါ်လိမ့်မည်။ အချစ်ရေးမှာ ချစ်သူနှင့် အဆင်ပြေသော်လည်း မိဘတို့ကြောင့် လက်ထပ်ရန်ရက် ရွေ့ဆိုင်းရလိမ့်မည်။ အိမ်ထောင်ရေးတွင် သားသမီးရှိသူများ အကြီးဆုံးကလေးအတွက် စိတ်ရှုပ်ရမည်။ အစိုးဝန်ထမ်းများ အဆင်ပြေမည်။ ပြင်ပဝန်ထမ်းများ ဆုငွေရလိမ့်မည်။

ရာဟု။ ။ ရာဟုသားသမီးတို့ လုပ်ငန်းတွင် ငွေကြေးကိစ္စများ အထူးသတိထားသင့်သည်။ အာမခံကိစ္စကို အကြောင်းပြုပြီး ဖြေရှင်းရတတ်သည်။ အချစ်ရေးတွင် သာယာမည်။ ခရီးဝေးသွားရပါက ရေလမ်းခရီးအန္တရာယ်ရှိတတ်သည်။ကံကောင်းစေဖို့အတွက် – ဗုဒ္ဓဟူးနေ့ နံနက်တွင် အိမ်ဘုရားအား ဆွမ်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပါ။ ကံကောင်းစေမည့် ဂဏန်းမှာ ၄ ။ ၉။ ၀

ကြာသပတေး

ကြာသာပတေးသားသမီးများအဖို့ ဤတစ်ပတ်တွင် ပြောင်းလဲမှုများ ဖြစ်ရန်ရှိသည်။ စီးပွားရေးကိစ္စများတွင် ချုပ်ဆိုရသောစာချုပ်စာတမ်းများအား ရှေ့နေ ရှေ့ရပ်များဖြင့် သေချာအောင်ချုပ်ဆိုပါ။ အတိုက်အခိုက်များအောင်မြင်မည်။ ငွေဝင်ငွေထွက်ကြမ်းမည်။ ဆွေမျိုးအကြီးအကဲ၏ ကျန်းမာရေးညံမည်။ မိမိကိုယ်တိုင်လည်း ခါးနာရောဂါဖြစ်တတ်သည်။ လူငယ်များရန်ဖြစ်တတ်သည်။ ဘုရားဖူးခရီးများသွားရကိန်းရှိသည်။ အိမ်ခြံမြေကိစ္စအတွက် ငွေကြေးသတိထားပါ။ အာမခံပါက ပြသနာတက်လိမ့်မည်။ ကားအရောင်းအဝယ် ဖြစ်မည်။ ချစ်သူများ မိဘတို့ကြောင့် ခွဲခွာနေရမည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးကောင်းမည်။ ဝန်ထမ်းများ အထက်လူကြီးနှင့် အဆင်မပြေဖြစ်တတ်သည်။ အစိုးရဝန်ထမ်းများ များစွာအဆင်ပြေမည်။
ကံကောင်းစေဖို့အတွက် – ကြာသာပတေးနေ့ နံနက်တွင် အိမ်ဘုရားအား ပန်းအဖြူရောင် ကပ်လှူပူဇော်ပါ။ ကံကောင်းစေမည့် ဂဏန်းမှာ။ ၂ ။ ၅။ ၆

သောကြာ

သောကြာသားသမီးများအဖို့ ချစ်သူခင်သူပေါများသောအချိန်ဖြစ်မည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ ပေါ်ပင်လုပ်ငန်းပေါ်ပေါက်မည်။ မီဒီယာလုပ်ငန်းများအတွက် အမြတ်များမည်။ စိတ်ခံစားမှုကို ရှေ့တန်းမတင်သင့်ပါ။ စီးပွားရေးလုပ်ငန်းများအား အစုအစပ်ဖြင့် လုပ်ကိုင်ခြင်းကြောင့် စိတ်သောကရောက်ရတတ်သည်။ မိမိဖြစ်ချင်တိုင်းမဖြစ်ပေ။ ရေလုပ်ငန်း၊ ရေနှင့် ပတ်သက်သောလုပ်ငန်းမှ ဝင်ငွေတိုးမည်။ မိမိ၏ အထက်အကြီးအကဲ၏ အထင်လွဲခြင်းခံရမည်။ မတော်တဆ အမြင့်မှ ပြုတ်ကျတတ်သည်။ ချစ်သူများ အဆင်မပြေဖြစ်မည်။ အိမ်ထောင်သည်များ သဘောထားကွဲနေမည်။ ဝန်ထမ်းများ လက်ဆောင်ရမည်။ အစိုးရဝန်ထမ်းများရာထူးတက်မည်။ မိသားစုအတွင်းမှ စနေသားသမီးတစ်ယောက် ကျန်းမာရေးညံလိုက်မည်။
ကံကောင်းစေဖို့အတွက် – သောကြာနေ့ နံနက်တွင် အောင်သပြေပန်းများအား ထင်ရှားသည့်ဘုရားတွင်လှူပါ။ ကံကောင်းစေမည့် ဂဏန်းမှာ ၃ ။ ၅။ ၇

စနေ

စနေသားသမီးများ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိနေမည်။ ခရီးယာယီထွက်နေရမည်။ မိမိရွေးချယ်လိုက်သော စီးပွားရေးလမ်းကြောင်းမှ အကျိုးအမြတ်များ ရလာလိမ့်မည်။ ရှယ်ယာ လုပ်ငန်းများ အကျိုးပေးသည်။ စီးပွားရေး၊လူမူရေး အတိုက်အခံ၊ အခက်အခဲ၊ ရန်သူများ အားကျော်လွှားနိုင်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး အလုပ်အကိုင်များ အားလုံးကောင်းသည်။ မိခင်ကျန်းမာရေးဂရုစိုက်ပေးပါ။ ကျန်းမာရေးအနေဖြင့် ရေနှင့်ပတ်သက်ပြီး သတိထားပါ၊ နေမကောင်းခြင်း၊ ရေနစ်ခြင်း ဖြစ်မည်။ ကား၊ စက်ပစ္စည်းများကြောင့် စိတ်သောကရောက်မည်။ ချစ်သူရှိသူများ အမြန်ဆုံးလက်ထပ်ရကိန်းရှိသည်။ ပြင်ပဝန်ထမ်းများ ခရီးယာယီထွက်ရမည်။ အလုပ်ရှင်နှင့် အဆင်မပြေဖြစ်မည်။ အစိုးရဝန်ထမ်းများ လက်ဆောင်ရလိမ့်မည်။
ကံကောင်းစေဖို့အတွက် – စနေနေ့ နံနက်တွင် နှင်းဆီပန်းအနီ (၁၀)ပွင့် ဘုရားတွင်လှူပါ။ ကံကောင်းစေမည့် ဂဏန်းမှာ ၁ ။ ၀။ ၉

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top