ဂျပန်မြေမှာ အပြောနဲ့အလုပ်ညီကြောင်း သက်သေပြခဲ့တဲ့ ပရိသတ်အချစ်တော် မြန်မာ့စပါးအုံး

55847319_799111367136509_9029616772117954560_n.jpg

One Championship ရဲ့ A New Era ပြိုင်ပွဲမှာ ပွဲစဉ် (၁၃) အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲမှာ မြန်မာ့စပါးအုံး အောင်လအန်ဆန်က ဟာဆဲဂါဝါကို ပြောထားတဲ့အတိုင်း (၂) ချီမှာပဲ အလဲထိုးအနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်က ညာခြေကန်ချက်တွေနဲ့ အမှတ်ယူနိုင်ခဲ့သလို ပြိုင်ဘက် Guard လွတ်သွားချိန်မှာ ညာထောက်လက်သီးနဲ့ ဟာဆဲဂါဝါကို ယိုင်ထွက်သွားအောင် ထိုးနိုင်ခဲ့ပါတယ်

အောင်လအန်ဆန်က ညာခြေကန်ချက်တွေနဲ့ အမှတ်ယူနိုင်ခဲ့သလို ပြိုင်ဘက် Guard လွတ်သွားချိန်မှာ ညာထောက်လက်သီးနဲ့ ဟာဆဲဂါဝါကို ယိုင်ထွက်သွားအောင် ထိုးနိုင်ခဲ့ပါတယ်။ ဒုတိယအချီမှာ နှစ်ယောက်လုံး ထောက်လက်သီးတွေနဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးသတ်နိုင်ခဲ့ပါတယ်။ (၄) မိနစ် (၄၁) စက္ကန့်မှာတော့ အောင်လအန်ဆန်ရဲ့ ညာဖြောင့်လက်သီးချက်ထိမှန်ခဲ့လို့ ဟာဆဲဂါဝါ လဲကျသွားခဲ့ပြီး အောင်လအန်ဆန်က လက်သီးချက်တွေနဲ့ ပွဲသိမ်းခဲ့တာပါ။

မြန်မာ့စပါးအုံး အောင်လအန်ဆန်က ဟာဆဲဂါဝါကို ပြောထားတဲ့အတိုင်း (၂) ချီမှာပဲ အလဲထိုးအနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်
အောင်လအန်ဆန်က ဂျပန်မြေမှာ ကွင်းထဲအရောက် လာအားပေးတဲ့ ပရိသတ်တွေနဲ့ သူ့ရဲ့ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်

ပွဲအပြီးမှာတော့ အောင်လအန်ဆန်က ဂျပန်မြေမှာ ကွင်းထဲအရောက် လာအားပေးတဲ့ ပရိသတ်တွေနဲ့ သူ့ရဲ့ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Photo- WC (ရိုးရာလေး)
Team (ရိုးရာလေး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top