စည်းမျဉ်းမညီတဲ့တိုက်ကွက်ကြောင့် အနီကတ်ပြပြီးပွဲဖျက်ခဲ့ရတဲ့ ဘင်တန်ဝိတ် ကမ္ဘာ့ချန်ပီယံဖလားလုပွဲ

56295411_2253910447985528_7491492308001488896_n.jpg

One Championship ရဲ့ A New Era ပြိုင်ပွဲမှာ ပွဲစဉ် ၁၂ အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဖိလစ်ပိုင် ကိုယ်ခံပညာရှင် ကီဗင်ဘီလင်ဂွန်နဲ့ ဘရာဇီး ကိုယ်ခံပညာရှင် ဘီဘီယာနိုဖာနန်ဒက်ဇ်တို့ရဲ့ ဘင်တန်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲမှာ ကီဗင်က ပြိုင်ဘက်ရဲ့ နောက်စေ့ကို တံတောင်နဲ့ထောင်းခဲ့လို့ အနီကတ် ပြခံခဲ့ရပြီး ပွဲဖျက်ခဲ့ရပါတယ်။

ကီဗင်ရဲ့တစ်ပတ်လည် ကန်ချက်တွေက ဘီဘီယာနိုရဲ့ ရင်ဘတ်ကို ထိမှန်ခဲ့ပါတယ်

ပထမအချီမှာကတည်းက သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးသတ်လို့ အကြိတ်အနယ်ဖြစ်ခဲ့ပြီး စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။ ကီဗင်က တစ်ပတ်လည်ကန်ချက်၊ လက်သီးတွဲလုံးတွေနဲ့
အသာစီးယူ ထိုးသတ်နိုင်ခဲ့သလို ဘီဘီယာနိုရဲ့ ညာဝိုက်လက်သီးကလည်း ထိချက်ပြင်းခဲ့ပါတယ်။ ဘီဘီယာနိုက ပြိုင်ဘက် ခြေလှမ်းပျက်သွားချိန်မှာ ပွဲဖြတ်ဖို့ တရစပ် လိုက်ထိုးခဲ့ပေမဲ့ ကီဗင်က အရှောင်အတိမ်းကောင်းခဲ့ပါတယ်။

ဘီဘီယာနိုရဲ့ ဒဏ်ရာပြင်းထန်လို့ ဒိုင်က ကီဗင်ကို အနီကတ်ပြပြီး ပွဲကို အဆုံးသတ်ခဲ့ပါတယ်

ကီဗင်ရဲ့တစ်ပတ်လည် ကန်ချက်တွေက ဘီဘီယာနိုရဲ့ ရင်ဘတ်ကို ထိမှန်ခဲ့ပါတယ်။ တတိယအချီမှာ ဘီဘီယာနိုက ချုပ်ဖို့ ကြိုးစားနေတုန်း ကီဗင်က ဘီဘီယာနိုရဲ့နောက်စေ့ကို တံတောင်နဲ့ ထောင်းခဲ့လို့ ဒိုင်က ကီဗင်ကို အဝါကတ်ပြ သတိပေးခဲ့ပါတယ်။ ဒါဟာ စည်းမျဉ်းနဲ့ မညီတဲ့ ထိုးသတ်မှုဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ ဘီဘီယာနိုကို ဆေးကုသချိန် ၅ မိနစ်ပေးခဲ့ပါတယ်။ ဘီဘီယာနိုရဲ့ ဒဏ်ရာပြင်းထန်လို့ ဒိုင်က ကီဗင်ကို အနီကတ်ပြပြီး ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

Photo- WC (ရိုးရာလေး)
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top