၂၀၂၁ခုနှစ်ရဲ့ The Suicide Squad ဇာတ်ကားမှာ ပါဝင်ထားတဲ့ မင်းသားကြီး ဆီဗက်စတာ စတားလုံး

14-11-2020-yyl-009.jpg

ရမ်ဘိုမင်းသားလို့လူသိများတဲ့ အက်ရှင်မင်းသားကြီး ဆီဗက်စတာ စတားလုံး (Sylvester Stallone) ဟာ ၂၀၂၁ခုနှစ်ရဲ့ The Suicide Squad မှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဒါရိုက်တာ ဂျိမ်းစ် ဂန် (James Gunn) က သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ အတည်ပြုထားပါတယ်။

ဂျိမ်းစ် ဂန်က မင်းသားကြီး ဆီဗက်စတာ စတားလုံးနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံကို “ကျွန်တော့်သူငယ်ချင်းနဲ့အလုပ်တွဲလုပ်ရတာ အမြဲတမ်းကြိုက်တယ်။ ဒီနေ့ The SuicideSquad ရိုက်ကွင်းမှာ” ဆိုတဲ့ စာသားနဲ့ အင်စတာဂရမ်အကောင့်မှာတင်ခဲ့တာဖြစ်ပါတယ်။ “စတားလုံးက နာမည်ကြီးရုပ်ရှင်စတားတစ်ယောက်ဖြစ်ပေမဲ့ သူ ဘယ်လောက်တော်တဲ့မင်းသားလဲဆိုတာ လူအများစုက မသိကြသေးဘူး”လို့လည်း ရေးသားထားပါသေးတယ်။

မကြာသေးခင်ကလည်း စတားလုံးက The Suicide Squad ရုပ်ရှင်ရိုက်ကွင်းကို သွားနေတဲ့လမ်းမှာဆိုတာကို ထုတ်ပြောပြထားတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။ စတားလုံးက အဲဒီဇာတ်ကားမှာ ဘယ်ဇာတ်ရုပ်ကို သရုပ်ဆောင်ထားတယ်ဆိုတာကို ထုတ်ပြောမထားပေမဲ့ ဒီဇာတ်ကားကို စောင့်ကြည့်ရမှာ တန်တယ်လို့တော့ ပြောထားပါတယ်။ အရင်က စတာလုံးဟာ ဂျိမ်းစ် ဂန်ရဲ့ Guardians of the Galaxy Vol2 မှာလည်း Stakar Ogord ဇာတ်ရုပ်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

The Suicide Squad က မားဂေါ့ရော်ဘီ (Margot Robbie)၊ ဝီလ်စမစ် (Will Smith) တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၆ခုနှစ် ရဲ့နာမည်ကြီးဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်ကားပါပဲ။ ၂၀၂၁ခုနှစ်ရဲ့ဇာတ်ကားမှာလည်း မားဂေါ့ရော်ဘီကို ပရိသတ်တွေက ပြန်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားအသစ်ကို နောက်နှစ် သြဂုတ်လ ၆ ရက်နေ့ မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Ref: Tribune “Sylvester Stallone joins ‘The Suicide Squad’, confirms director”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top