ရုရှားအကမယ်နဲ့ လမ်းခွဲလိုက်ပြန်တဲ့ မင်းသားကြီးဂျွန်နီဒက်ပ်

yyl-014-7.jpg

ဟော်လိဝုဒ်နယ်ပယ်မှာ မင်းသားကြီး ဂျွန်နီဒက်ပ်ကလည်း အကျော်အမော်တစ်ယောက်ပါပဲ။ သူ့ကို “The Pirates of the Caribbean” ဇာတ်ကားနဲ့ “ဂျက်စပဲရိုး” အဖြစ် ပရိသတ်တွေတော်တော်များများ သိထားကြတာဖြစ်ပါတယ်။ မင်းသားကြီးဂျွန်နီဒက်ပ်က အိမ်ထောင်ရေးအနေနဲ့ဆိုရင် အရင်က လိုရီ အန်နီ အယ်လီဆန် (Lori Anne Allison) နဲ့ မင်းသမီး အမ်ဘာဟက်ဒ် (Amber Heard) တို့ကို လက်ထပ်ခဲ့ဖူးပါတယ်။

အခုနှစ်အစောပိုင်းမှာ သူက ရုရှားအကမယ် ပိုလီနာ ဂလန် (Polina Glen) နဲ့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ရုရှားအကမယ်က သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီး မွေးရပ်မြေရုရှားကို ပြန်သွားခဲ့ပါပြီ။”ပိုလီနာက သူတို့Relationshipနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတာကို မုန်းပြီး ကြောက်ရွံ့မိတယ်။ အခုဆို သူမက ရုရှားနိုင်ငံမှာ ဒီဒုက္ခတွေကို ရှောင်နေပါတယ်။ လက်ထပ်ဖို့ ဂျွန်နီ စီစဉ်တာက မိုက်မဲမှုပါပဲ” လို့ အတွင်းသတင်းတွေ အရသိရပါတယ်။

ဂျွန်နီရဲ့ ကျော်ကြားမှုကို ပိုလီနာက စိတ်ဝင်မစားခဲ့ပါဘူး။ သူမရဲ့အလုပ်ကို အာရုံမစိုက်ဘဲ သူ့နဲ့ရှိနေပေးခဲ့တာဖြစ်ပါတယ်။ ဂျွန်နီပတ်ဝန်းကျင်က မျက်စိဒေါက်ထောက်ကြတာတွေ၊ ဇနီးဟောင်း အမ်ဘာဟက်ဒ်နဲ့ အမှုရင်ဆိုင်နေရမှုတွေကနေ သူမ ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဂျွန်နီရဲ့ကျော်ကြားမှုနဲ့ အမ်ဘာဟက်ဒ်နဲ့ မပြီးပျက်နိုင်တဲ့ အမှုရင်ဆိုင်မှုတွေက သူ့အတွက် အနှောက်အယှက် ဖြစ်တာကြောင့် ပိုလီနာက သူနဲ့ ဂျွန်နီဒက်ပ်တို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

ပိုလီနာနဲ့ ဂျွန်နီဒက်ပ်က လော့စ်အိန်ဂျယ်လိစ်မြို့က ပါတီတစ်ခုမှာ တွေ့ဆုံခဲ့တာပါ။ အခြားသူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ပိုလီနာရခဲ့ပေမဲ့ သူက ဂျွန်နီဆီပဲ သွားခဲ့တာပါ။ အဲဒီအချိန်ုတုန်းက ပိုလီနာက ဂျွန်နီ ဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။ ရုရှားမိန်းကလေးတွေက ဂျွန်နီကို မသိကြပါဘူး။ သူတို့က မင်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေမရရှိခဲ့ဘူး။ ပိုလီနာက သူ့အကြောင်းတွေကို လူသိမခံချင်တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

ဂျွန်နီဒက်ပ်က သူ့ရဲ့ “The Hollywood Vampires” အဖွဲ့နဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေစဉ် ပိုလီနာနဲ့အတူ မော်စကိုမြို့မှာ တွေ့မြင်ခဲ့ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Ref: Metro “Johnny Depp splits from girlfriend Polina Glen due to ‘distractions’ amid Amber Heard legal case”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top