အရပ်ရှည်တဲ့သူတွေ တစ်ခါတလေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြသနေတဲ့ပုံများ

yyl-7-9-053.jpg

သာမန်ထက် အရပ်ပိုရှည်တဲ့သူတွေက တစ်ခါတလေ အခက်အခဲတွေကြုံတွေ့ရနိုင်တယ်နော်။ သူတို့တွေက အရပ်ရှည်တာကြောင့် မျက်နှာကြက်နဲ့ ခေါင်းနဲ့ မလွတ်တာ၊ ကားစီးတဲ့အခါ၊ လေယာဉ်စီးတဲ့အခါမျိုးတွေမှာလည်း သက်တောင့်သက်သာ မဖြစ်တာတွေလည်းဖြစ်တတ်ပါတယ်။ တချို့ဆို ရေဇလားထဲရေချိုးတဲ့ အခါမှာတောင် အရပ်ကရှည်နေတော့ ထင်ထားသလောက် သက်တောင့်သက်သာမဖြစ်တော့ဘူးပေါ့။ တစ်ခါတလေ အရပ်ရှည်ရတာကောင်းပြီး အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့ရင်တော့ မကောင်းဘူးပေါ့နော်။ ကဲ..စာဖတ်ပရိသတ်တွေကို အရပ်ရှည်တဲ့သူတွေ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရပြီး ဘယ်လိုတွေကိုင်တွယ်လဲ ဆိုတဲ့ပုံတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဒီလူကတော့ အရပ်ရှည်တဲ့သူတွေကြုံတွေ့ရတဲ့ပြဿနာကို ဘယ်လိုကိုင်တွယ်ရမလဲ သိတဲ့ပုံပါပဲ

သူကတော့ ခြေထောက်ကွေးပြီး ရေစိပ်ရတော့တာပေ့ါ

လူတစ်ယောက်ဆေးစစ်မှုတွေလုပ်တဲ့အခါ၊ ဆရာဝန်က သူ့ထက်အရပ်ပုနေတော့

သူ ဘာချက်နေတယ်ဆိုတာ မြင်ကောမြင်ရရဲ့လား

တရုတ်နိုင်ငံမှာ ဒတ်ချ်လူမျိုးတစ်ယောက်ကြုံတွေ့ရတဲ့အခက်အခဲတွေ (အရပ်ရှည်တဲ့သူတွေနဲ့ ခေါင်းလွတ်အောင် အဆောက်အဦးတွေကို ဆောက်သင့်ပြီနော်)

ဥရောပက အရပ် (၆) ပေ (၆) လက်မရှိတဲ့ အမျိုးသား (သူ့ခေါင်းနဲ့မျက်နှာကြက်ထိနေပြီ)

ခေါင်းနဲ့ မလွတ်ပေမဲ့ လေ့ကျင့်ခန်းလုပ်တာမပျက်ပါ

အရပ်ရှည်တဲ့သူရဲ့ ခေါင်းနဲ့လွတ်အောင် ဘာလို့မဆောက်တာပါလိမ့်

ဒါကတော့ ကောင်လေးကို သူ့ရဲ့အမေက စားပွဲခုံပေါ်တက်ပြီး ပွေ့ဖက်ရတာပါ

ဒီအတိုင်းသာဆို အချိန်ကြာကြီး ကားစီးဖို့မလွယ်ဘူးနော်

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top