တိုင်းဒေသကြီးနှစ်ခုက မသန်စွမ်း ၁၈၆၀၀ ကျော်အတွက် ငွေကျပ်သန်းပေါင်း ၅၆၀ ကျော် ထောက်ပံ့ ပေးအပ်ခဲ့တဲ့သတင်း

yyl-011-10.jpg

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်း ၁၅၄၀၀ ကျော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်း ၃၂၀၀ ကျော်တို့အတွက် ငွေကျပ် သန်း ၅၆၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ပေးအပ်ရာတွင် မသန်စွမ်းတစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ပဲခူးတိုင်းတွင် ငွေကျပ် ၄၆၄ သန်းကျော်၊ စစ်ကိုင်းတိုင်းအတွက် ငွေကျပ် ၉၆ သန်းကျော်ကို မသန်စွမ်းသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး တွင် မသန်စွမ်း ၁၁၅၆၈ ဦးအတွက် ကနဦးထောက်ပံ့မှုများကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌လည်း မသန်စွမ်း ၁၀၉၃၄ ဦးအတွက် ကနဦးထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုထောက်ပံ့မှုသည် ထပ်မံကောက်ယူရရှိသော ထပ်တိုးစာရင်းများအရ ထောက်ပံ့ပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top