၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၅၂၀၀ ကျော်ကို ထပ်မံဆောက်လုပ်သွားမယ့်သတင်း

yyl-009-10.jpg

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၎င်းတို့၏ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာနေရာ ဒေသများတွင် နေထိုင်ရေးအဆင်ပြေစေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၅၂၂၀ ကို ထပ်မံဆောက်လုပ်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အတည်ပြု ပြောကြားလိုက်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၁၈ ရက်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင်ကျင်းပခဲ့သည့် အခြေခံကျန်းမာရေးဝန်ထမ်းများ ညီလာခံနှင့် ဗဟိုအဆင့်လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ၏ အမှာစကားတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ နေထိုင်ရေးအဆင့်ပြေစေရန် ဝန်ထမ်း အိမ်ရာများဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသင့်ဆောက်လုပ်ပြီး အိမ်ရာများကိုဝယ်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ အခန်းပေါင်း ၆၀၀၀ ကျော် ပြီးစီးခဲ့ပြီး အခန်းပေါင်း ၁၀၀၀၀ ကျော်မှာ ဆောက်လုပ်ဆဲ ဖြစ်ကြောင်း သိရသည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top