ကာတွန်းကိုရွှေထူးရဲ့ဇာတ်ကောင် ကိုမောင်တင့်ကွယ်လွန်

52126831_1275852255899851_7106379680244039680_n.jpg

စာရေးသူရဲ့ငယ်ဘဝက နွေရာသီကျောင်းပိတ်ရက်တွေမှာ အကောင်းဆုံးငြိမ်ဆေးကတော့ ကိုရွှေထူး(ပြည်) ရဲ့ ကာတွန်းတွေပါပဲ။ ဇနီးဖြစ်သူမချိုကို ကြောက်ရတဲ့ ရပ်ကွက်လူကြီး ကိုမောင်တင့်တစ်ယောက် ရပ်ကွက်ထဲက ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးရတဲ့အခါ ကြုံတွေ့ရတဲ့ အလွဲလေးတွေကို”ရပ်ကွက်ထဲမှာဗျာ” ဆိုတဲ့ အခန်းဆက်နဲ့ ဖတ်ခဲ့ရတာ ဖြစ်ပါတယ်။

ကာတွန်းကိုရွှေထူး (ပြည်) ရဲ့ နာမည်ကျော်ကာတွန်းဇာတ်ကောင်ကတော့ သူ့ရဲ့ညီဖြစ်သူ ကိုမောင်တင့်ပါပဲ။ ပျော်ပျော်နေပြီး လူတိုင်းကိုအကူအညီပေးတဲ့ ကိုမောင်တင့် ရပ်ကွက်လူကြီးလုပ်နေတဲ့အချိန်မှာ ကြုံရသမျှကို ကိုရွှေထူး (ပြည်) က ရုပ်ပြကာတွန်း ဇာတ်လမ်းတွေရေးရာမှ လူကြိုက်များပြီး အောင်မြင်ခဲ့တာပါ။

ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ဇာတ်ကောင်အစစ် ကိုမောင်တင့် ကွယ်လွန်သွားတာပဲ ဖြစ်ပါတယ်။ မနေ့ကပဲ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်ပြီး ကွယ်လွန်သွားတဲ့ ကိုမောင်တင့်အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်။ ရပ်ကွက်ရဲ့ ဇာတ်လိုက်ကျော် ကိုတင့်တစ်ယောက် အပြင်လောကမှာမရှိတော့ပေမဲ့ ကာတွန်းပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ကိုတင့်ပုံရိပ်တွေက အမြဲတမ်းအသက်ဝင်နေမှာပါ။

Ref: cartoonist win aung
Alice May ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top