ချစ်သူနဲ့အတူနေရတဲ့သာမန်ဘဝလေးကိုပဲ သဘောကျတဲ့ ဂျနီဖာလောရင့် (Jennifer Lawrence)

j1.jpg

“Red Sparrow”စတားဂျနီဖာလောရင့်ဟာဆိုရင် သူ့ရဲ့ချစ်သူက သူ့ကိုဆယ်လီတစ်ယောက်လိုမဆက်ဆံတဲ့ဘဝမျိုးကို ကြိုက်နှစ်သက်ပါတယ်တဲ့။

လောရင့်ဟာ သူ့ရဲ့ချစ်သူ ကိုခီ မာရိုနေ (Cooke Maroney) နဲ့ အခုလအစောပိုင်းမှာ စေ့စပ်လိုက်ပါတယ်။ People မဂ္ဂဇင်းမှာပါတဲ့သတင်းအရ လောရင့်ရဲ့ချစ်သူက ယောကျာ်းကောင်းတစ်ယောက်၊ စမတ်လည်းကျသလို ဟာသဉာဏ်ရွှင်သူ၊ သူ့ကို မျက်စိအောက်က အပျောက်မခံတဲ့သူဖြစ်ပြီး အခြားချစ်သူကောင်လေးတွေလိုမျိုး သူ့ကိုဆယ်လီတစ်ယောက်လိုမဆက်ဆံခဲ့ကြောင်း၊ သူတွဲခဲ့ဖူးသမျှမှာ အေးဆေးပြီးအတည်ငြိမ်ဆုံးအမျိုးသားတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။

လောရင့်နဲ့ ကိုခီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လို့လည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နွေဦးရာသီက သူတို့နှစ်ယောက်ကို တွေ့ဆုံပေးလိုက်တာဖြစ်ပြီး နှစ်ယောက်လုံးက တစ်ကိုယ်တည်းသမားတွေဖြစ်သလို အကြိုက်ချင်းလည်းတူကြတဲ့အတွက် လိုက်ဖက်တဲ့စုံတွဲပါပဲ။

နယူးယောက်ခ်က သူတို့နှစ်ယောက်ကို အတူရှိစေတဲ့နေရာဖြစ်တဲ့အတွက် မင်္ဂလာပွဲကို နယူးယောက်ခ်မှာပဲ ကျင်းပချင်တယ်လို့ ဆိုပါတယ်။ မကြာသေးခင်က ဂျနီဖာလောရင့်ရဲ့လက်မှာ လက်စွပ်ဝတ်ထားတာ တွေ့လိုက်ရပြီးတဲ့နောက် ချစ်သူနဲ့စေ့စပ်လိုက်တဲ့သတင်းထွက်ရှိလာခဲ့တာပါ။ အဲဒီနောက် လောရင့်ရဲ့ကိုယ်စားပြောဆိုခွင့်ရှိသူတွေက စေ့စပ်တဲ့သတင်းကို အတည်ပြုလိုက်ပါတယ်။

Ref: Jennifer Lawrence loves normal life with fiancé
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top