HBO Max နဲ့ စာချုပ်ချုပ်ဆိုပြီး “လင်နို့လူသား” အဖြစ် ဘင်အက်ဖလက်ခ် ပြန်လာတော့မှာလား

3-7-2020-yyl-031.jpg

ဘင်အက်ဖလက်ခ် (Ben Affleck) ကို လင်နို့လူသားအဖြစ် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ ဘင်အက်ဖက်ခ်က လင်နို့လူသားအဖြစ်ကနေ နှုတ်ထွက်ပြီဆိုတဲ့သတင်းက ပရိသတ်တွေကို စိတ်မကောင်းဖြစ်သွားစေခဲ့တာပါ။ အခုတော့ ဘင်အက်ဖလက်ခ်ကို လင်နို့လူသားအဖြစ် မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းရှိပါတယ်။ ဘင်အက်ဖလက်ခ်က HBO Max နဲ့ စာချုပ်ချုပ်ဆိုပြီး “လင်းနို့လူသား”အဖြစ် ပြန်လာဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းက အခုထပ်မံထွက်ရှိလာပြန်ပါပြီ။

ဘင်အက်ဖလက်ခ်က HBO Max နဲ့ ဇက်ခ် ဇင်ဒါရဲ့ Justice League ရုပ်ရှင်ကားတွေနဲ့ ဆက်စပ်တဲ့ အခန်းတွေမှာ ပါဝင်မှာဖြစ်ပါတယ်လို့ သိရပါတယ်။ ဘင်အက်ဖလက်ခ် ပြန်လာပြီး HBO နဲ့ စာချုပ်ချုပ်ဆိုမယ့် ခန့်မှန်းချက်တွေက Lightcast မီဒီယာနဲ့ Culture Nerd YouTube Channel တွေကနေ ပြီးခဲ့တဲ့မေလက အရင်ဆုံးထွက်ရှိခဲ့တာပါ။ အခုထပ်မံပြီး “ဘအက်ဖလက်ခ်က တကယ် စာချုပ်အသစ်ချုပ်ပြီး ပြန်လာတော့မှာပါ။ တရားဝင်ကြေညာချက်ကို DC FanDome မှာ (ဒါမှမဟုတ်) JusticeCon အတွင်း ထုတ်ပြန်ဖို့ မျှော်လင့်ရပါတယ်။ နှစ်ခုထဲက တစ်ခုမှာ ကျွန်တော်တို့တွေ ဒီကြေညာချက်ကို သိရမှာပါ။ စက်တင်ဘာမတိုင်ခင် ဖြစ်တော့မှာပါ။ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ချက်ကို သိရတော့မှာဖြစ်ပြီး Batman ပြန်လာမှာကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာ”လို့ The Culture Nerds ရဲ့ Taylor Murphy က ပြောပါတယ်။

DC multiverse ကို ဖန်တီးထားတာဖြစ်တဲ့အတွက် မိုက်ကယ် ကိတွန်ကိုရော ရောဘတ်ပတ်တင်ဆန်ကိုပါ “လင်းနို့လူသား”အဖြစ် ဘင်အက်ဖလက်ခ်နေရာမှာ အစားထိုးထားတာဖြစ်တယ်လို့ Taylor Murphy ကပြောပါတယ်။ ဘင်အက်ဖလက်ခ်က HBO Max မှာ “လင်းနို့လူသား”အဖြစ် ပြန်လာဖို့ သဘောတူခဲ့တာက သူဟာ Matt Reeves ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ “လင်းနို့လူသားအသစ်” ရောဘတ်ပတ်တင်ဆန် ဆီကနေ ဘာမှပြန်မယူချင်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ Taylor Murphy ရဲ့ပြောစကားအရသိရပါတယ်။

အစက ဘင်အက်ဖလက်ခ် “လင်းနို့လူသား”အဖြစ်ကနေ နှုတ်ထွက်ခဲ့တာက Geoff John ရဲ့ဝင်ရောက်စွက်ဖက်မှု ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အခုဆိုရင် ဘင်အက်ဖလက်ခ်က ဒါရိုက်တာ Zack Snyder နဲ့အတူ “လင်းနို့လူသား”အဖြစ် ပြန်လာဖို့ မျှော်လင့်ရပြီး တကယ်သာ ဘင်အက်ဖလက်ခ်က “လင်းနို့လူသား”အဖြစ် ပြန်လာမယ်ဆိုရင် DC ပရိသတ်တွေအတွက် ဝမ်းသာစရာပါပဲ။

Ref: koimoi.com “Batman: Ben Affleck Has Signed A Contract With HBO Max To Make An EXPLOSIVE Return?”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top