ကာကွယ်မှုအပြည့်ပေးတဲ့ ကမ္ဘာ့ ပထမဆုံး FDA အသိအမှတ်ပြု Face Mask အကြည်

3-7-2020-yyl-011.jpg

လူတိုင်းရဲ့ဘဝမှာ Mask တွေက အရေးကြီးတဲ့အရာ ဖြစ်လာတဲ့အတွက် Mask တွေက ပုံစံအမျိုးမျိုး၊ ကွာလတီအမျိုးမျိုးနဲ့ ထွက်ရှိနေပါတယ်။ တချို့က Mask အများစုဟာ အသက်ရူရခက်စေတယ်၊ တချို့က အရမ်းပူတယ်၊ တချို့က သူတို့ရဲ့ မျက်မှန်တွေကို အခိုးရိုက်တယ်လို့ ငြီးငြူပြောဆိုနေကြပါတယ်။ Redcliffe Medical Devices လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက အဲဒီပြဿနာတွေကို သတိပြုမိပြီး သူတို့ ကိုယ်ပိုင်ထုတ်ကုန်ကို ဖန်တီးခြင်းဖြင့် ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ LEAF Mask က လုံခြုံမှုအပြည့်ပေးပြီး ဝတ်ဆင်ထားသူရဲ့မျက်နှာကိုလည်း မြင်ရစေပါတယ်။ FDA အသိအမှတ်ပြု Mask ဖြစ်တဲ့အတွက် ဝတ်ဆင်တဲ့သူတွေက အန္တရာယ်ကင်းစွာနဲ့ အသုံးပြုနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံး FDA အသိအမှတ်ပြု Face Mask အကြည်လည်းဖြစ်ပါတယ်။

“LEAF က ၂၀၂၀ ခုနှစ်ရဲ့ Mask ဖြစ်ပါတယ်။ ဖုန်မှုန့်၊ လေထုညစ်ညမ်းမှု၊ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေကနေ သင့်ကို ကာကွယ်ပေးမယ့် ကမ္ဘာ့ပထမဆုံးMask အကြည်ဖြစ်တယ်” လို့ LEAF အဖွဲ့က ပြောပါတယ်။ LEAF Mask က ဝ.၃ မိုက်ခရွန်လောက်သေးတဲ့ အမှုန်အမွှား (၉၉.၉၇) ရာခိုင်နှုန်း စစ်ထုတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် filter ပါရှိပါတယ်။ ဒါ့အပြင် သင် အသက်ရှုနေတဲ့ လေထဲက အနံ့ဆိုးတွေအားလုံးကိုလည်း ဖယ်ထုတ်ပေးပါတယ်။

ဒီ Mask တွေရဲ့ filter က ချည်သား Mask တွေနဲ့ယှဉ်ရင် နှစ်ဆ အသက်ရှုရပိုလွယ်အောင် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် Mask က ကိုယ်တိုင်သန့်ရှင်းရေးလုပ်တဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ စွမ်းအားမြင့် UV-C အလင်းဟာ စက္ကန့် (၃၀) တိုင်း DNA level က ရောဂါဖြစ်ပွားစေတဲ့ အရာတွေကို ဖျက်စီးပေးပါတယ်။ နောက်ထပ်အပိုအကာကွယ်မှု အနေနဲ့ Carbon filter တစ်ခုပါရှိပါတယ်။

ကာကွယ်မှုအပြည့်အဝပေးတဲ့ ဒီMask တွေက ဝတ်ဆင်ရတာက အရမ်းသက်တောင့်သက်သာရှိတယ်လို့ LEAF အဖွဲ့သားတွေက ပြောပါတယ်။ Mask တစ်ခုလုံးကို ဆေးဘက်ဆိုင်ရာသုံး အဆင့်မီဆီလီကွန်တွေနဲ့ ဖန်တီးထားတဲ့အတွက် အချိန်အကြာကြီးဝတ်ထားရင်တောင် ဖိအားမရှိဘဲ သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။ အင်တာနက်အသုံးပြုသူတွေက ဒီလိုMask တွေကိုလည်း အခိုးငွေ့ရိုက်မှာဆိုးနေပါတယ်။ ဒီအတွက်လည်း စိတ်ပူစရာမလိုပါဘူးနော်။ LEAF အဖွဲ့သားတွေက အဲဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး Mask အတွင်းထဲမှာ အခိုးငွေ့ရိုက်တာကာကွယ်တဲ့ အလွှာကို ထည့်ပေးထားပါတယ်။

ဒီMask တွေရဲ့အစိတ်အပိုင်းတွေအားလုံးက (၁၀၀) ရာခိုင်နှုန်း ပြန်လည်အသုံးပြု လို့ရနိုင်ပါတယ်။ LEAF Mask တွေကို အရောင်မျိုးစုံ၊ အရွယ်အစား (၃) မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Ref: Apparently, This New FDA-Registered Face Mask Doesn’t Hide Your Face And Gives You Extraordinary Protection

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top