မြေးမလေးက စီစဉ်ပေးလို့ “Despacito” သီချင်းရဲ့ရက်ပ်ပါအဆိုတော်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ သားအိမ်ကင်ဆာရောဂါသည်အဘွား

9-29-2022-yyl-05.png

"Despacito" သီချင်းရဲ့ရက်ပ်ပါအဆိုတော်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ သားအိမ်ကင်ဆာရောဂါသည်အဘွား

အသက်အရွယ်က လူတစ်ဦးရဲ့ဂီတမြတ်နိုးမှု၊ ဂီတပညာရှင်အပေါ် နှစ်သက်သဘောကျမှုတွေအတွက် အတားအဆီးတစ်ခုမဟုတ်ပါဘူး။ အသက် (၉၀) အရွယ် အဘွားတစ်ယောက်ဆိုရင်လည်း သူ့နှစ်သက်ဘောကျတဲ့ ဂီတပညာရှင်ရှိပါတယ်။ Despacito သီချင်းရဲ့ ရက်ပ်ပါအဆိုတော် ဒယ်ဒီယန်းကီးပါ။ မကြာသေးခင်က ဒယ်ဒီယန်းကီးရဲ့ဖျော်ဖြေပွဲကို အဲဒီအဘွား သွားရောက်ခဲ့ပြီး စင်မြင့်နောက်မှာ လူချင်းတွေ့ခွင့်ရခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

“Despacito” သီချင်းရဲ့ရက်ပ်ပါအဆိုတော် ဒယ်ဒီယန်းကီး

အဘွား မာမီဖလော် က သူ နှစ်သက်သဘောကျတဲ့ အဆိုတော် ဒယ်ဒီယန်းကီးကို နယူးယောက်မြို့ရဲ့ Madison Square Garden က ဖျော်ဖြေပွဲတစ်ခုမှာ တွေ့ခဲ့တာပါ။ သူက ဒယ်ဒီယန်းကီးကို စင်မြင့်ရှေ့ကနေ မြင်တွေ့ခဲ့ရသလို ဖျော်ဖြေပွဲမတိုင်ခင် စင်နောက်မှာလည်း လူချင်းတွေ့ခဲ့ရပါတယ်။

သားအိမ်ကင်ဆာရောဂါသည်အဘွားကို ပွေ့ဖက်နေတဲ့ ဒယ်ဒီယန်းကီး

သူ့အတွက် အဲဒီနေ့က အကောင်းဆုံးနေ့ဖြစ်ခဲ့ပါတယ်။ ဒယ်ဒီယန်းကီးနဲ့ တွေ့ဆုံခဲ့တာကို ဗီဒီယိုရိုက်ခဲ့ပြီး လူမှုကွန်ယက်တော်တော်များများမှာ သူ့မြေးမလေး အီဗန်နာ မီချယ်လ်က တင်ခဲ့ပါတယ်။ ဒယ်ဒီယန်းကီးကို အဘွားတွေ့ခွင့်ရခဲ့တာက မြေးမလေး စီစဉ်ပေးခဲ့တာကြောင့်ပါ။ အဘွားက သားအိမ်ကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် သူ့မြေးမလေးက အခုလိုအံ့အားသင့်ဖွယ်ကောင်းအောင် စီစဉ်ပေးခဲ့တာပါ။ ဗီဒီယိုထဲမှာ အဘွား ဆေးရုံမှာ ရှိနေတာကစပြီး ရှိုးပွဲမှာ ဒယ်ဒီယန်းကီးနဲ့တွေ့ဆုံတဲ့အထိ အားလုံးပါဝင်ပါတယ်။

ဒယ်ဒီယန်းကီးဟာ ဩဂုတ်လကနေ ဒီဇင်ဘာလအထိ ဖျော်ဖြေပွဲတွေပြီးသွားရင် ဂီတလောကနေ အနားယူတော့မယ်လို့ မတ်လ ၂၁ ရက်နေ့က ကြေညာထားခဲ့တာပါ။ သူ့ရဲ့နောက်ဆုံးအယ်လ်ဘမ် Legendaddy ဟာ မတ်လ ၂၄ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။

Ref: Ndtv “‘Despacito’ Rapper Daddy Yankee Meets His 90-Year-Old Fan”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top