ဇူလိုင်လကစပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲလုပ်သွားမယ့် Lee Jong Suk

24.5.2023-yyl-1.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Lee Jong Suk က ဆိုးလ်၊ ဟောင်ကောင်နဲ့ တိုကျိုအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲပြုလုပ်သွားမှာပါ။ Lee Jong Suk က သူ့ရဲ့တရားဝင် SNS အကောင့်မှာ မေလ ၂၂ ရက်နေ့က ‘2023 Fan Meeting Tour: Dear.My With”အကြောင်း ကြေညာခဲ့တာပါ။

အချိန်ဇယားအရ မင်းသား Jong Suk က ဟောင်ကောင်၊ တိုင်ပေ၊ ဂျာကာတာ၊ ဒူဘိုင်း၊ ဘန်ကောက်၊ အိုဆာကာ၊ တိုကျို၊ စင်ကာပူ၊ မကာအိုနဲ့ ဟိုချီမင်းမြို့တွေမှာ ဇူလိုင် ၁ရက်နေ့ကနေ အောက်တိုဘာ ၂၈ ရက်နေ့အထိ သူ့ရဲ့ပရိသတ်တွေ့ဆုံပွဲကို ပြုလုပ်သွားမှာပါ။ ဒီပရိသတ်တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီ HighZium Studio က အခုလိုပြောကြားခဲ့ပါတယ်။

“မင်းသားက သူ့ကို အမြဲတမ်း စောင့်ဆိုင်းနေခဲ့တဲ့ ပရိသတ်တွေကို အမြန်ဆုံး တွေ့ဆုံချင်ခဲ့တာပါ။ ဒီပရိသတ်တွေ့ဆုံပွဲတွေကတဆင့် နိုင်ငံတော်တော်များများမှာပရိသတ်တွေကို တွေ့ဆုံရဖို့ သူ အရမ်းပျော်နေပါတယ်။ “Dear.My With” ဆိုတဲ့ နာမည်လိုပဲ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပရိသတ်တွေကို သူ့ရဲ့ခံစားချက်တွေနဲ့ ကျေးဇူးတရားတွေကို အမြဲတမ်း ပြသချင်တာပါ။ ဒီပရိသတ်တွေ့ဆုံပွဲမှာ မင်းတို့ ပေးရမယ့် အဖိုးတန်အချိန်တွေအတွက် ပျော်ရွှင်စရာကောင်းအောင် ကျွန်တော်တို့ အပြင်းအထန်ပြင်ဆင်နေပါတယ်။ အဓိပ္ပာယ်ရှိတဲ့၊ နွေးထွေးတဲ့အခိုက်အတန့်တွေကို အတူတကွဖန်တီးဖို့ မျှော်လင့်ပါတယ်။ ဒါမှ ဒီအခိုက်အတန့်တွေကို ကျွန်တော်တို့ အချိန်အကြာကြီးအမှတ်ရနိုင်မှာပါ”

အသက် ၁၆ နှစ်မှာ Seoul Collection အတွက် အသက်အငယ်ဆုံးအမျိုးသားမော်ဒယ်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ Jong Suk က “Prosecutor Princess”၊ “Secret Garden”၊ “School 2013″၊ “I Can Hear Your Voice”၊ “Pinocchio”၊”W”၊ “While You Were Sleeping”၊ “Romance Is a Bonus Book”၊ “Big Mouth” စတဲ့ နာမည်ကြီးဒရာမာတွေနဲ့ လူသိများပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကမှ အဆိုတော်မင်းသမီး အိုင်ယူနဲ့ ချစ်သူတွေဆိုတာကိုလည်း လူသိရှင်ကြားအတည်ပြုခဲ့ပြီး ပရိသတ်တွေဆီက အားပေးချစ်ခင်မှုတွေရရှိခဲ့ပါတယ်။

Ref: Lee Jong Suk will be meeting global fans through his fanmeeting tour in 11 cities from July 1st

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top