ပရိသတ်တွေ ချစ်ခင်နှစ်သက်ကြတဲ့ ချစ်စရာကောင်းတဲ့ ကမ္ဘာကျော်စုံတွဲများ

31154243_1719849514757790_4061811079326466048_o.jpg

ချစ်စရာကောင်းတယ်ဆိုတဲ့ ဝေါဟာရကို ကလေးငယ်လေးများနဲ့ ပါပီလေးတွေမှာပဲ အသုံးပြုတတ်ကြပါတယ်။ အရွယ်ရောက်နေတဲ့လူတွေကို အသုံးမပြုတတ်ကြပါဘူး။ ဒါပေမဲ့လည်း ဒီချစ်စရာကောင်းတယ်ဆိုတဲ့ ဝေါဟာရနဲ့ ထိုက်တန်တဲ့ အချို့သော လူရွယ်တွေ၊ ကမ္ဘာကျော်ဆယ်လီတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ပရိသတ်တွေ လက်ခံအားပေးပြီး ချစ်ခင်နှစ်သက်ကြတဲ့ ချစ်စရာအကောင်းဆုံး Celebrity အတွဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခရစ်စီ တီဂျန်နဲ့ ဂျွန်လဲဂျန့်

ခရစ်စီ တီဂျန် (Chrissy Teigen) နဲ့ ဂျွန်လဲဂျန့် (John Legend) တို့ဟာလည်း ချစ်စရာကောင်းတယ်လို့ သတ်မှတ်ခံရတဲ့ စုံတွဲထဲမှာ ပါဝင်ပါတယ်။ တစ်ဦးကိုတစ်ဦး စစ်မှန်စွာ ချစ်ခင်စုံမက်ကြပြီး ပရိသတ်အများက လက်ခံထားတဲ့ အားကျစရာ စုံတွဲဖြစ်ပါတယ်။ သူတို့ရဲ့ချစ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင်တော့ သူတို့အချင်းချင်း ဖုန်းမက်ဆေ့ခ်ျတွေ ပေးပို့ရာကနေ စပြီးနှစ်သက်မြတ်နိုးခဲ့ကြခြင်းဖြစ်တယ် လို့ Harper’s Bazaar မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။ “သူ ရိုက်တဲ့စကားလုံး ၁၄ဝလောက်က အရမ်းကို ချစ်ဖို့ကောင်းနေတော့ ကျွန်တော် သူ့ကို စပြီးချစ်မိသွားခဲ့တယ်” လို့ ဂျွန်လဲဂျန့်က ဖြေကြားပါတယ်။

၂။ မိုင်လေးဆိုင်းရပ်စ်နဲ့ လီယမ်ဟမ်းဝေါ့သ်

မိုင်လေးဆိုင်းရပ်စ် (Miley Cyrus) နဲ့ လီယမ်ဟမ်းဝေါ့သ်တို့ဟာ ၂ဝဝ၉ခုနှစ်ကတည်းက ပြတ်တစ်လှည့် ဆက်တစ်လှည့် ရှိခဲ့ကြပေမဲ့လည်း အမြဲတမ်း အတူတူတတွဲတွဲ ပြန်တွေ့ရတတ်ပါတယ်။ ဒါဟာ သူတို့အချင်းချင်း တကယ့်ကို ချစ်ခင်မြတ်နိုးကြလို့ပဲ ယူဆရပါတယ်။ အခုအခါမှာဆိုရင် ပရိသတ်တွေအတွက် အားကျဖွယ် ချစ်စရာစုံတွဲ ပိုလို့တောင် ဖြစ်လာပါတယ်။

၃။ ဘလိတ်ခ်လိုက်ဗ်လီနဲ့ ရိုင်ယန်ရီနောလ်

နောက်ထပ်စုံတွဲတစ်တွဲကတော့ ဘလိတ်ခ်လိုက်ဗ်လီ (Blake Lively) နဲ့ ရိုင်ယန်ရီနောလ် (Ryan Reynolds) တို့ အတွဲပါ။ ဘလိတ်ခ်လိုက်ဗ်လီဟာ တွစ်တာပေါ်မှာ ရယ်ရွှင်ဖွယ်ရာတွေကို ဝေမျှတတ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါဟာ ဇနီးဖြစ်သူကို သူ ချစ်ခင်မြတ်နိုးကြောင်းကို ပြသမှုလည်း ဖြစ်ပါတယ်။ ဘလိတ်ခ်လိုက်ဗ်လီလည်း သူမရဲ့ခင်ပွန်းနဲ့အတူ ဟာသတွေပြန်လုပ်ရတာကို နှစ်သက်တဲ့ လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် သူတို့ဟာ လိုက်ဖက်ညီတဲ့ စုံတွဲတွေ သတ်မှတ်ခံရပါတယ်။

၄။ ဆာမီရာဝီလီနဲ့ လောရန်မော်လီ

နောက်ထပ်အတွဲကတော့ ဆာမီရာဝီလီ (Samira Wiley) နဲ့ လောရန်မော်လီ (Lauren Morelli) တို့ဖြစ်ပါတယ်။ ဆာမီရာဝီလီ ပါဝင်တဲ့ Orange Is The New Black တီဗီစီးရီးနဲ့ လက်ရှိ သူ့ရဲ့ဇနီးဖြစ်သူ လောရန်မော်လီနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ မော်လီကတော့ ထိုတီဗီစီးရီးကို ရေးသားသူဖြစ်ပါတယ်။ အဲဒီအချိန်က မော်လီဟာ အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျနေခဲ့ပေမဲ့ သူမဟာ လိင်တူသဘောကျသူဖြစ်ကြောင်းကို Orange Is The New Black တီဗီစီးရီးအတွက် အလုပ်လုပ်ရင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

၅။ နတ်တလီယာဒိုင်ယာနဲ့ ချာလီဟီတွန်

တီဗီဖန်သားမျက်နှာပြင်ထက်က စုံတွဲတစ်တွဲကို တကယ့်အပြင် လက်တွေ့ဘဝမှာ အတူတွဲတွေ့ရတော့ ဘယ်လောက်တောင် စိတ်ချမ်းသာဖွယ်ကောင်းလိုက်ပါသလဲ? Netflix ရဲ့ စီးရီးတစ်ခုဖြစ်တဲ့ Stranger Things မှာ အဓိကပါဝင်ကြတဲ့ နတ်တလီယာဒိုင်ယာ (Natalia Dyer) နဲ့ ချာလီဟီတွန် (Charlie Heaton) တို့ဟာ အရမ်းကို ပျော်ရွှင်တတ်ကြပြီး တစ်ဦးကိုတစ်ဦး အလွန်အမင်း ချစ်မြတ်နိုးကြပါတယ်။ ဖန်သားပြင်ထက်က ရိုမန်တစ်ဆန်တဲ့ စုံတွဲဟာ ချိုမြိန်ကြည်နူးဖွယ် ချစ်စရာကောင်းကြတာ ငြင်းစရာမရှိပါဘူး။

၆။ ဂျင်းနီမော်လန်နဲ့ ဂျေဆန်ဘစ်

နောက်ထပ်တစ်တွဲကတော့ ဂျင်းနီမော်လန် (Jenny Mollen) နဲ့ ဂျေဆန်ဘစ် (Jason Biggs) တို့ပဲ ဖြစ်ပါတယ်။ သင်ဟာ အင်စတာဂရမ်မှာ သရုပ်ဆောင်နဲ့ စာရေးဆရာဖြစ်သူ ဂျင်နီမော်လန်ကို follow မလုပ်ထားဘူးဆိုရင်တော့ အခွင့်ကောင်းကို လက်လွှတ်ဆုံးရှုံးလိုက်ရသလိုပါပဲ။ သူမဟာ အင်တာနက်မှာ ရယ်ရွှင်ဖွယ်အကောင်းဆုံးသူ တစ်ဦးထဲမှာ ပါဝင်ပါတယ်။ သူမရဲ့တွစ်တာအကောင့်မှာ နို့ရည်ကို ပုလင်းထဲညှစ်ထုတ်နေတဲ့ ပုံကိုတင်ထားပါတယ်။ ဂျေဆန်ကတော့ သူမရဲ့အင်စဂရမ်ပို့စ်တွေကို မကြာခဏ အသိအမှတ်ပြုတတ်ပါတယ်။ သူတို့ဟာ တစ်ဦးကိုတစ်ဦး အလွန်အမင်း ချစ်မြတ်နိုးကြပုံပေါ်ပါတယ်။

၇။ ကင်မ်ကာဒ်ဒတ်ရှ်ရှန်နဲ့ ကိုင်ဝက်စ်

နောက်ထပ် ချစ်စရာကောင်းတဲ့ စုံတွဲတစ်တွဲကတော့ ကင်မ်ကာဒ်ဒတ်ရှ်ရှန် (Kim Kardashian) နဲ့ ကိုင်ဝက်စ် (Kanye West) တို့အတွဲဖြစ်ပါတယ်။ အကျော်ကြားဆုံးလည်းဖြစ်သလို ချစ်စရာအကောင်းဆုံးလည်း ဖြစ်ပါတယ်။ ကမ်မ်ဟာလည်း ကိုင်လိုလူမျိုးလိုအပ်သလို ကိုင်ဟာလည်း ကင်မ်လိုလူတစ်ယောက် လိုအပ်ပါတယ်။ သူတို့နှစ်ဦးဟာ အင်မတန်ကျော်ကြားပြီး သူ့နေရာနဲ့သူ အရည်အချင်းရှိ ထက်မြက်သူများလည်း ဖြစ်ပါတယ်။ ကင်မ်ရဲ့ခန္ဓာကိုယ်မှာ သူသဘောအကျဆုံးအစိတ်အပိုင်းကတော့ “သူမရဲ့နှလုံးသားပါပဲ” လို့ ကိုင်က Harper’s Bazar မဂ္ဂဇင်းမှာ ဖြေကြားခဲ့ပါတယ်။

၈။ အင်မလီဂါဒန်နဲ့ ကူမေးလ်နန်ဂျိနီ

အင်မလီဂါဒန် (Emily V. Gordon) နဲ့ ကူမေးလ်နန်ဂျိနီ (Kumail Nanjiani) တို့စုံတွဲဟာ တကယ့်ဘဝဇာတ်လမ်းကို အခြေခံရိုက်ကူးဖန်တီးခဲ့တဲ့ The Big Sick ရုပ်ရှင်ဇာတ်လမ်းနဲ့ အော်စကာအဆိုပြုခံရတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ ဒီစုံတွဲဟာ ထူးခြားတဲ့အရည်အချင်းရှိပြီး ပရိသတ်များကို ရယ်ရွှင်အောင် လုပ်နိုင်သလို တစ်ချိန်တည်းမှာပဲ ငိုအောင်ပြုလုပ်နိုင်တယ်လို့ ဆိုကြပါတယ်။

Ref : Entertainment : 9 Cutest Celebrity Couples That Will Literally Turn You Into The Heart-Eye Emoji

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top