ထာဝရလူသိအများဆုံးဓာတ်ပုံအတွက် မိုက်ခရိုဆော့က ဓာတ်ပုံဆရာကို အသုံးပြုခ ဘယ်လောက်ပေးခဲ့သလဲ

19.4.2023-yyl-iamge-6.jpg

Microsoft ရဲ့ Windows XP ကို သုံးတဲ့သူမှန်သမျှ ဒီဓာတ်ပုံကို သိကြပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေအရ ဒီဓာတ်ပုံဟာ ထာဝရ လူသိအများဆုံးဓာတ်ပုံပါပဲ။ ဒါပေမဲ့ Bliss လို့ အမည်ရတဲ့ ဒီဓာတ်ပုံကို ဘယ်သူ ရိုက်ခဲ့သလဲ၊ Microsoft ထံကနေ ဓာတ်ပုံအသုံးပြုခ ဘယ်လောက်ရသလဲဆိုတာကိုတော့ လူသိနည်းပါတယ်။

National Geographic မဂ္ဂဇင်းမှာ အလုပ်လုပ်တဲ့ ဓာတ်ပုံဆရာ ချက်အိုရဲက ၁၉၉၆ ခုနှစ် ဇန်နဝါရီလမှာ သူ့ရဲ့ဇနီးလောင်းနဲ့ တွေ့ဆုံဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကို သွားရင်း ဒီဓာတ်ပုံကို ရိုက်ခဲ့တာပါ။ ဆောင်းလယ်ကာလ ကြည်လင်သာယာနေတဲ့ ကောင်းကင်အောက်မှာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကို တွေ့တော့ သူ ဓာတ်ပုံရိုက်ခဲ့ပြီး Corbis ဓာတ်ပုံအေဂျင်စီပေါ် တင်ခဲ့တာပါ။

ဓာတ်ပုံအသုံးပြုခကို ထုတ်ဖော်ကြေညာခြင်းမပြုရဆိုတဲ့ သဘောတူညီချက်ကြောင့် ချက်အိုရဲ ဘယ်လောက်ရခဲ့သလဲဆိုတာ ဘယ်သူမှ အတိအကျ မသိကြပါဘူး။ ဒါပေမဲ့ Microsoft က Windows XP ရဲ့ Wallpaper အဖြစ် အသုံးပြုခဲ့တဲ့ ဒီဓာတ်ပုံအတွက် ချက်အိုရဲကို အမေရိကန်ဒေါ်လာ ၁ သိန်းပေးခဲ့ရတယ်လို့ Ladbible က ဖော်ပြပါတယ်။

ဒါပေမဲ့ Microsoft ဟာ Autumn wallpaper အဖြစ် အသုံးပြုခဲ့တဲ့ ဓာတ်ပုံအတွက် ဓာတ်ပုံဆရာ ပီတာဘူရီယန်ကိုတော့ ၄၅ ဒေါ်လာပဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။

Ref: Microsoft Paid This Much To Man Who Clicked Windows XP’s Iconic Wallpaper

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top