၃ နှစ်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမယ့် စပိန်အိမ်ရှေ့စံမင်းသမီး

16.3.2023-yyl-iamge-21.jpg

ထီးနန်းဆက်ခံသူဖြစ်တဲ့ စပိန်အိမ်ရှေ့စံမင်းသမီးလီယိုနိုရ်ဟာ အနာဂတ်နိုင်ငံအကြီးအကဲအဖြစ်ကြိုတင်ပြင်ဆင်ဖို့အတွက် ဒီနှစ်နောက်ပိုင်းလောက်မှာ ၃ နှစ်ကြာ စစ်ရေးလေ့ကျင်မှုတွေစတင်သွားမယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘယ်စ်ဟာ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့တာပါ။

လီယိုနိုရ်က စပိန်ဘုရင်ဖေလီပီရဲ့သမီးနှစ်ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့အတွက် အရင်ဆုံးထီးနန်းဆက်ခံရမှာဖြစ်ပါတယ်။ သူ့ဖခင် ဘုရင်ရာထူးကနေ ဆင်းခဲ့ရင် (ဒါမှမဟုတ်) ကွယ်လွန်နတ်ရွာစံသွားခဲ့ရင် သူက စစ်တပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်လာမှာပါ။ သူ့ရဲ့စစ်ရေးလေ့ကျင့်မှုက စပိန်စစ်တပ်မှာ ၁ နှစ်၊ ရေတပ်မှာ ၁ နှစ်၊ လေတပ်မှာ ၁ နှစ် စုစုပေါင်း ၃ နှစ်ကြာမြင့်မှာပါ။

လီယိုနိုရ်ရဲ့စစ်ရေးလေ့ကျင့်မှုက UWC Atlantic College မှာ ပညာသင်ကြားပြီးနောက် ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလမှာ စတင်သွားမှာပါ။ စစ်ရေးလေ့ကျင့်မှုပြီးသွားပါက လီယိုနိုရ်ဟာ ရေတပ်မှာ ဒုဗိုလ်အဆင့်၊ စစ်တပ်၊ လေတပ်နဲ့အာကာသကွပ်ကဲရေးမှာ ဗိုလ်ကြီးအဆင့်တွေ ရရှိသွားမှာပါ။ အဲ့ဒီနောက် တက္ကသိုလ်ဘွဲ့တစ်ခုအတွက် သင်ယူနိုင်မှာဖြစ်ပါတယ်။

Ref: Spain’s Crown Princess Leonor to start three-year military training

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top