အခုနှစ် ဖုန်းအရေအတွက်ပိုများလာတဲ့ စက်ဘီးမှာ ဖုန်းတွေတပ်ပြီး ဂိမ်းဆော့တဲ့ အဘိုးအို

26-6-2020-yyl-021.jpg

၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Pokemon Go ဂိမ်းကို ဂိမ်းဆော့တဲ့ သူတိုင်းသိကြမှာပါ။ ဒီဂိမ်းက လူငယ်တွေကြားမှာရော သက်ကြီးပိုင်တွေကြားမှာပါ ခေတ်စားတာဖြစ်ပါတယ်။ သက်ကြီးပိုင်တွေကြားမှာလည်း ဒီဂိမ်း ခေတ်စားတယ်လို့ ဘာကြောင့် ပြောရလဲဆိုရင် ထိုင်ဝမ်မြို့က အသက် (၇၀) အရွယ် အဘိုးအိုကလည်း ဒီဂိမ်းကို အရမ်းရူးသွပ်လို့ပါပဲ။ အဲဒီအဘိုးက Pokemon Go ဆော့ရတာကြိုက်တာကြောင့် မွန်းစတားတွေဖမ်းဖို့အတွက် ဖုန်း (၆၄) လုံးရှိပါတယ်။ ဒီအဘိုးရဲ့အကြောင်းကို အရင်တုန်းက စာဖတ်ပရိသတ်တွေ သိချင်လည်းသိကြမှာပါ။ အရင်ကတော့ Pokemon Go ဆော့ဖို့အတွက် ဒီလောက်ဖုန်းအများကြီးသေးမရှိပါဘူး။

ချန် ဆန်ယွမ် ဆိုတဲ့ အဘိုးက ၂၀၁၆ခုနှစ်မှာ သူ့ကလေးဆီကနေ ဖုန်းတစ်လုံးရခဲ့ပြီး အဲဒီကတည်းကနေ ဂိမ်းတွေ ဆော့နေခဲ့တာပါ။ သူက ဂိမ်းကောင်းကောင်းဆော့နိုင်ဖို့အတွက် သူ့စက်ဘီးလက်ကိုင်မှာ ဖုန်းတွေကို တပ်ဆင်ခဲ့ပါတယ်။ အဲဒီလိုတပ်ဆင်ခဲ့တာကို လူတွေသတိပြုမိသွားပြီးတဲ့နောက်မှာ လူသိများသွားခဲ့ပါတယ်။ အဘိုးချန်က ၂၀၁၉ခုနှစ်မှာ ASUS ဖုန်းမော်ဒယ်အတွက် Ambassador အဖြစ်တောင် ရွေးချယ်ခံခဲ့ရပါတယ်။ အဘိုးက လွန်ခဲ့တဲ့ (၂) နှစ်ကျော်ကတည်းက Pokemon Go ဂိမ်းကို ဆော့နေခဲ့တာဖြစ်ပါတယ်။ အဲဒီကနေစပြီး စက်ဘီးလက်ကိုင်မှာတပ်ထားတဲ့ ဖုန်းအရေအတွက်က တဖြည်းဖြည်းနဲ့များလာခဲ့ပါတယ်။

အစတုန်းကတော့ အဘိုးချန်မှာ ဖုန်း (၆) လုံးပဲရှိခဲ့တာပါ။ အဲဒီနောက် ၂၀၁၈ခုနှစ်မှာ ဖုန်း (၁၅) လုံးနဲ့ ၂၀၁၉ခုနှစ်မှာ ဖုန်း (၂၄) လုံး ဖြစ်လာခဲ့ပါတယ်။ အခုနှစ်မှာတော့ အဘိုးချန် စက်ဘီးမှာတပ်ဆင်ထားတဲ့ ဖုန်းအရေအတွက် (၆၄) လုံးကျော်ရှိနေပါပြီ။ ဂိမ်းကလည်း သူ့ကို လေ့ကျင့်ခန်းလုပ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ မွန်းစတားတွေဖမ်းဖို့အတွက် မြို့ပတ်ပြီး စက်ဘီးစီးရတာက လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒါ့အပြင် ဂိမ်းက သူ့ကို စိတ်အေးချမ်းအောင်ကူညီပေးတဲ့ ဝါသနာတစ်ခုလည်းဖြစ်ပါတယ်။ စက်ဘီးလက်ကိုင်မှာ ဖုန်း (၆၄) လုံးတပ်ဆင်ထားတာကြောင့် အဘိုး ချန် ဘေးကင်းစွာနဲ့ စက်ဘီးစီးနိုင်ဖို့ မျှော်လင့်မိပါတယ်။ နောက်နှစ်မှာ အဘိုးချန်ဟာ ဖုန်းဘယ်နှစ်လုံးထပ်တိုးလာဦးမလဲ…။

Ref: Taiwanese Grandpa Attaches 64 Mobile Phones On His Bicycle To Enjoy Playing Pokemon GO

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top