အိန္ဒိယတက္ကသိုလ်ကျောင်းသားက ကမ္ဘာ့အပေါ့ပါးဆုံး ဂြိုဟ်တု တီထွင်

29-12-2020-yyl16.jpg

အိန္ဒိယတက္ကသိုလ်ကျောင်းသားတစ်ယောက်က ကမ္ဘာ့အပေါ့ပါးဆုံး ဂြိုဟ်တုကို တီထွင်ခဲ့ပါတယ်။ တမီလ်နာဒူပြည်နယ်၊ ဆာစဒြာတက္ကသိုလ်ရဲ့ ဒုတိယနှစ် စက်မှုအင်ဂျင်နီယာ ကျောင်းသား ရီယာစဒင်းဟာ အလေးချိန် ၃၃ ဂရမ်စီရှိတဲ့ FEMTO satellite ၂ လုံး (VISION SAT v1 နဲ့ v2) တီထွင်ခဲ့တာပါ။ VISION SAT v1 က ၃၇ မီလီမီတာ၊ VISION SAT v2 က ၃၀ မီလီမီတာ ရှိပါတယ်။

ရီယာစဒင်းဟာ Cubes in Space ကမ္ဘာလုံးဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲမှာ ကမ္ဘာ့အပေါ့ပါးဆုံး ဂြိုဟ်တုကို တီထွင်ပြီး ဆုရခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပလတ်စတစ်ဆေးထိုးပုံသွင်းခြင်းနဲ့ 3D printing နည်းပညာကို အသုံးပြုပြီး ဂြိုဟ်တုတွေ တီထွင်ခဲ့တာပါ။ အာရုံခံကိရိယာ ၁၁ ခု တပ်ဆင်ထားတဲ့ သူ့ရဲ့ဂြိုဟ်တုတွေဟာ သတင်းအချက်အလက် သယ်ယူပို့ဆောင်ပေးတဲ့ ပါရာမီတာ ၁၇ ခုဝန်းကျင်အထိ မှတ်တမ်းတင်နိုင်အောင် ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

VISION Sat v1 ဂြိုဟ်တုဟာ ၂၀၂၁ ခုနှစ် ဇွန်လကျရင် ဗာဂျီးနီးယားပြည်နယ် Wallops Flight Facility ကနေ လွှတ်တင်မယ့် SR-7 NASA ဒုံးပျံနဲ့အတူ ပါဝင်မှာဖြစ်ပြီး Sat v2 ဂြိုဟ်တုကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ လွှတ်တင်ဖို့ စီစဉ်ထားတဲ့ NASA Balloon Mission RB-6 ခရီးစဉ်မှာ ပါဝင်ဖို့ ရှိပါတယ်။

အောင်မြင်တဲ့ လုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ ရီယာစဒင်းရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် ရူပီး ၅ သိန်း ပေးအပ်သွားမယ်လို့ ဆာစဒြာတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးက ပြောပါတယ်။

Ref: TimesofIndia ” Tamil Nadu: NASA to launch Sastra University student’s lightest satellite

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top