ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် တပ်မတော်မှ ငွေကျပ်သန်းတစ်ထောင် ထည့်ဝင်လှူဒါန်း

7-1-2021-yyl31.jpg

နိုင်ငံအတွက် လိုအပ်လျက်ရှိသော ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် တပ်မတော်မှ ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန် လိုက်သည်။

အဆိုပါငွေကျပ်သန်းတစ်ထောင်ကို ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေသို့ ပထမဆုံးအကြိမ် ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လိုအပ်ချက်အရ ဆက်လက်ထည့်ဝင်လှူဒါန်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ မေလတွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ယင်းနှစ်ကြိမ်ပေါင်း၏ စုစုပေါင်းအလှူငွေဖြစ်သော ငွေကျပ် ၄.၄ ဘီလီယံကျော်ဖြင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ဝယ်ယူကာ ဆေးရုံများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်မှ စီစဥ◌်ထားသော သီးခြားစောင့်ကြည့်သူများထားရှိရန် နေရာများနှင့် ကိုဗစ်အတည်ပြုလူနာများထားရှိရန်နေရာများသို့ ပေးအပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top