ဒေါ်နယ်ထရမ့်ကို ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ် အသုံးပြုခွင့်အကန့်အသတ်မရှိ ပိတ်ပင်

7-1-2021-yyl32.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ် လူမှုကွန်ရက်တွေ အသုံးပြုခွင့် အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီ အမှုဆောင်ချုပ် မက်ခ်ဇူကာဘတ်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

” လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ တုန်လှုပ်ဖွယ်ဖြစ်ရပ်တွေအရ သမ္မတဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့လက်ကျန်သက်တမ်းကို အသုံးပြုပြီး သူ့နေရာ ဆက်ခံမယ့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ထံ ဥပဒေနဲ့အညီ၊ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုလုပ်ရေးကို ထိခိုက်အောင် လုပ်ချင်နေတာ ဖော်ပြနေတယ်”လို့ ဇူကာဘတ်က ရေးသားထားပါတယ်။

ဒီကာလမှာ ဒေါ်နယ်ထရမ့်ကို သူတို့ရဲ့လူမှုကွန်ရက်တွေ ဆက်လက်အသုံးပြုခွင့်ပေးထားရင် အန္တရာယ်အရမ်းများလို့ သူ့ရဲ့ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်အကောင့်တွေကို အကန့်အသတ်မရှိ ပိတ်ပင်ထားမယ်၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးပြီးတဲ့ အချိန်အထိ အနည်းဆုံး ၂ ပတ်ကြာ ပိတ်ပင်ထားမယ်လို့ မက်ခ်ဇူကာဘတ်က ဆိုပါတယ်။

Ref : Mark Zuckerberg FB
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top