အမေရိကန်နိုင်ငံပေါ် ပျံဝဲနေတဲ့ မိုးပျံပူဖောင်းက မိုးလေဝသသုတေသနပူဖောင်းလို့ တရုတ်နိုင်ငံ ထုတ်ပြန်

4.2.2023-image-1.jpg

အမေရိကန်နိုင်ငံပေါ် ပျံဝဲနေတဲ့ မိုးပျံပူဖောင်းက မိုးလေဝသ သုတေသနလုပ်ရာမှာ အသုံးပြုတဲ့ မိုးပျံပူဖောင်းဖြစ်ပြီး လမ်းကြောင်းမှား ဝင်ရောက်သွားတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံကတော့ ကင်းထောက်မိုးပျံပူဖောင်း ဖြစ်တယ်လို့ သံသယရှိနေပြီး ဒီကိစ္စအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။

Ref: Blinken postpones trip to Beijing after Chinese spy balloon spotted over US

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top