AI ကင်မရာ ၅ လုံးအထိ ပါဝင်တဲ့ Huawei Nova 5T ကို စတင်မိတ်ဆက်

huawei_01.jpg

Huawei Consumer Business Group ရဲ့ Nova Series ဖြစ်ပြီး AI ကင်မရာ ၅ လုံးအထိ ပါဝင်တဲ့ Huawei Nova 5T စမတ်ဖုန်းကို စက်တင်ဘာ ၉ ရက်၊ ညနေ ၃ နာရီခွဲက Lotte ဟိုတယ်မှာ စတင်မိတ်ဆက်ခဲ့ ပါတယ်။

အခုလိုမိတ်ဆက်ခဲ့တဲ့ Nova 5T မှာ ၆.၂၆ လက်မရှိတဲ့ Punch FullView Display ပါဝင်ပြီးတော့ အလေးချိန်အားဖြင့်က 174 g ၊ အထူအားဖြင့်က 7.87 mm ရှိတဲ့အတွက် ကြီးမားတဲ့မျက်နှာပြင်ကို ပါးလွှာတဲ့ ကိုယ်ထည်ပေါ်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆင့်မြင့် Kirin 980 AI Processor အားဖြည့်ထားပြီးတော့ 8GB RAM နဲ့ 128 GB ROM ပါဝင် လာပါတယ်။ ဒီဖုန်းရဲ့ ဘက်ထရီကလည်း 22.5 W Huawei SuperCharge နည်းပညာကို အသုံးပြုထားတဲ့ အတွက် အချိန်တိုအတွင်း အားပြန်ဖြည့်နိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံဝါသနာပါသူတွေ အနေနဲ့လည်း Portrait ပုံရိပ်တွေကို မှောင်မဲနေတဲ့ အချိန်မှာတောင် ရိုက်ကူးနိုင် မယ့်အပြင် AI အထောက်အကူပြု ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ နည်းပညာများပါဝင်တဲ့အတွက် ပုံရိပ်တွေကိုလည်း အသေးစိတ် တိကျစွာရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Huawei Nova 5T ကို Crush Blue, Black နဲ့ Midsummer Purple ဆိုတဲ့ အရောင် ၃ မျိုးနဲ့ ရွေးချယ် နိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့က (ငါးသိန်းကိုးသောင်းကိုးထောင်) ၅၉၉၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်တဲ့ အပြင် CB Bank နဲ့ ချိတ်ပြီး အတိုးနှုန်း ၀ ရာခိုင်နှုန်းနဲ့လည်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top