စေတနာအကျိုးပေးကို တန်ပြန်ခံစားခဲ့ရတဲ့ကလေးလေး

yyl11919015.jpg

စာဖတ်ပရိသတ်တွေကို ဟာရီကိန်းမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် Disney World သွားချင်တဲ့သူ့ဆန္ဒကို စွန့်လွှတ်ခဲ့တဲ့ (၇) နှစ်အရွယ် ကလေးလေးအကြောင်း တင်ဆက်ပေးခဲ့ဖူးပါတယ်။ မကြာသေးခင်ကမှ အဲဒီကလေးဟာ ဟာရီကိန်းဒဏ်သင့်တဲ့သူတွေကိုကူညီခဲ့တဲ့စေတနာအကျိုးပေးကို တန်ပြန်ခံစားလိုက်ရပါတယ်။ အခုဆိုရင် သူ သွားချင်ခဲ့တဲ့နေရာကို သွားရတော့မှာပါ။

ဂျာမိန်း ဘယ်လ်ဟာ မုန်တိုင်းဒဏ်သင့်ပြည်သူ အယောက် (၁၀၀) ကို ကူညီပေးပြီးတဲ့နောက်မှာ The Walt Disney ကုမ္ပဏီကနေ လက်ဆောင်တစ်ခု လက်ခံရရှိခဲ့ပါတယ်။ အဲဒီကုမ္ပဏီက သူ့ကို သူသွားချင်ခဲ့တဲ့Disney World အလည်အပတ်ခရီးလေးနဲ့ အံ့အားသင့်အောင်လုပ်ခဲ့တာပါ။


Disneyရဲ့ “Animal Kingdom”ကို လည်ပတ်ရတာနဲ့ သူ့အကြိုက်ဆုံးကာတွန်းကား ‘The Lion King’ထဲကလို ခြင်္သေ့တွေကို မြင်တွေ့ရမှာ စိတ်လှုပ်ရှားမိတယ်လို့ သူကပြောပါတယ်။ အဲဒီကလေးက Disney ကိုသွားမယ့်စုဆောင်းငွေနဲ့ ဟာရီကိန်းမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အစားအစာလှူဒါန်းခဲ့လို့ အခုလိုစေတနာအကျိုးကို ခံစားခဲ့ရပါတယ်။

Ref: ABCNews “Boy who gave up Disney trip money for hurricane victims surprised with vacation”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top