Huawei P30 Lite မှာပါဝင်လာတဲ့ ထိပ်တန်းစွမ်းဆောင်ရည်များ

Huawei-P30-Lite-box.jpg

ဒီနေ့ခေတ်မှာ စမတ်ဖုန်းတစ်လုံးကိုဝယ်တော့မယ်ဆိုရင် ထည့်စဉ်းစားတတ်ကြတဲ့စံနှုန်းတွေက အရင်ကနဲ့မတူ ပိုပြီးထူးခြားဆန်းသစ်လာနေပါတယ်။ အကြောင်းကတော့ စမတ်ဖုန်းဈေးကွက်ထဲမှာ ရှိနေတဲ့ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းအမျိုးမျိုးက သုံးစွဲသူတွေရဲ့အမြင်ကို ပြောင်းလဲလာစေလို့ပါပဲ။
Flagship ဖုန်းတစ်လုံးရဲ့ Design မျိုးရှိမယ်။ Specification လည်း အတူတူနီးပါးပါဝင်ပြီး ဈေးကထက်ဝက်လောက်ပိုသက်သာနေတဲ့ Mid-range ဖုန်းတစ်လုံးအကြောင်းပြောပြမယ်ဆိုရင် ဘယ်သူမဆို စိတ်ဝင်စားလောက်မှာပါ။

ဒါကြောင့် ဒီတစ်ပတ်မှာ ထူးခြားဆန်းသစ်တဲ့ နည်းပညာမြင့်စမတ်ဖုန်းတွေကို ဖန်တီးမိတ်ဆက်ပေးလေ့ရှိတဲ့ Huawei ရဲ့ P Series စမတ်ဖုန်းတွေထဲက P 30 Lite ရဲ့ ထိပ်တန်းစွမ်းဆောင်ရည်တွေကို သုံးစွဲသူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ခေတ်မီဆန်းသစ်တဲ့အသွင်အပြင်

P30 Lite ဟာ Huawei ရဲ့ နာမည်ကြီး P Series ထဲက P30 Pro နဲ့ P30 အသေးစားလေးလို့ ဆိုနိုင်တဲ့ ဖုန်းတစ်လုံးပါ။ ဖုန်းရဲ့အထူက 7.4 mm နဲ့ အလေးချိန်က 159 gm ပဲရှိလို့ ကိုင်ရတာ ကျစ်ကျစ်လျစ်လျစ်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်တယ်လို့ခံစားရပါတယ်။ ပါးလွှာတဲ့ 3D Curved Glass ကိုသုံးထားပြီး Peacock Blue, Pearl White နဲ့ Midnight Black ဆိုတဲ့အရောင်တွေကလည်း တစ်မျိုးစီ ဆွဲဆောင်မှုရှိနေပါတယ်။ Flagship ဖုန်းတစ်လုံးကိုကိုင်နေရတဲ့ခံစားချက်မျိုးရနိုင်ပြီး တခြား Mid-range ဖုန်းတွေကိုင်ရတာထက် ပိုထူးခြားကောင်းမွန်နေပါတယ်။

 

Display ပိုင်းမှာ Resolution 1080 x 2312 Pixels ရှိတဲ့ 6.15” IPS LCD Display ကို အသုံးပြုထားပြီး Pixel per Inch က 415 ppi ရှိပါတယ်။ နှင်းစက်ပုံစံဖန်တီးထားတဲ့ Notch နဲ့အတူ အပေါ်ဘောင် 2.4 mm၊ ဘေးဘောင်1.85 mm၊ အောက်ဘောင် 4.9 mm တို့က မျက်နှာပြင်နဲ့ ဒီဇိုင်းကို ဟန်ချက်ညီအောင်ဖန်တီးထားလို့ အရောင်အသွေးစိုပြည်ပြီး မြင်ကွင်းကျယ်အပြည့်အဝကို ခံစားရစေပါလိမ့်မယ်။ ထိတွေ့အာရုံခံစနစ် သွက်လက်ချောမွေ့ပြီး Finger Print Unlock လုပ်တာနဲ့ Apps တွေဖွင့်တာမျိုးတွေကို ခပ်မြန်မြန်ပဲလုပ်ဆောင်နိုင်မှာပါ။

 

 

 

P30 Lite ရဲ့ကျောဘက်မှာ ကင်မရာ (၃) လုံးကို တစ်တန်းတည်းအနေအထား ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ Finger Print ကိုလည်း ကျောဘက်မှာပဲတွေ့ရပါလိမ့်မယ်။ 3.5 mm Headphone Jack, Hybrid Dual Card Slot, USB Type C နဲ့ Mono-Speaker ပါဝင်တယ်။

အံ့အားသင့်ဖွယ်အနုစိတ်ပုံရိပ်တွေကိုဖန်တီးပေးမယ့် အသိဉာဏ်ရှိကင်မရာ

 

P30 lite ကင်မရာက Triple Camera Setup ပါ။ ကျောဘက်မှာ 24 MP/F1.8, 8 MP/F2.4, 2 MP/F2.4 ကင်မရာ (၃) လုံးတပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 ရှိတဲ့ AI Super Star 32 MP Sensor ကိုတပ်ဆင်ထားပါတယ်။

24 MP Main Camera က ပုံရိပ်တွေကို အတိကျဆုံးဖမ်းယူကာ အရည်အသွေး အကောင်းဆုံးပုံရိပ်တွေကို ထုတ်ပေးနိုင်ပြီး Hybrid 3x Zoom စနစ်နဲ့ တိကျအနုစိတ်တဲ့ အနီးကပ်ပုံရိပ်တွေကို မှတ်တမ်းတင်ထားလို့ရပါတယ်။ 8 MP ကင်မရာရဲ့ Ultra-wide Lens က ပြည့်စုံပြတ်သားတဲ့ မြင်ကွင်းကျယ်ဓာတ်ပုံတွေကို ရနိုင်စေပါလိမ့်မယ်။

2 MP ကင်မရာကတော့ Depth Sensing Sensor ဖြစ်လို့ နောက်ခံဝါးတဲ့ (Bokeh Effect) ဓာတ်ပုံတွေကို သေသေသပ်သပ်ရိုက်ကူးနိုင်စေသလို 3D Portrait mode ကိုလည်းရိုက်ကူးနိုင်ပါတယ်။ Colours နဲ့ Black & White ကိုလည်းတွဲရိုက်လို့ရဦးမှာပါ။

အမြန်လှုပ်ရှားနေတဲ့အရာတွေကို အမိအရရိုက်ကူးနိုင်တဲ့ Nornal Slow motion mode နဲ့ Super Slow motion mode လည်းပါဝင်သေးတယ်။ lmage Signal Processor နဲ့ Digital Signal Processor ပိုင်းတွေကိုအဆင့်မြှင့်ထားလို့ Low Light ဓာတ်ပုံကောင်းတွေကို ရိုက်ကူးနိုင်ပါသေးတယ်။

သွက်လက်မြန်ဆန်နေတဲ့ စွမ်းဆောင်ရည်

Huawei P30 lite မှာသုံးထားတဲ့ Octa-core CPU က Huawei ရဲ့ ကိုယ်ပိုင် Kirin 710 ပါ။ RAM 6 GB ပါပြီး Memory Storage က 128 GB ပါဝင်ပါတယ်။ Mid-Range Chipset ဖြစ်တဲ့ Kirin 710 ရဲ့ GPU ကလည်း 12 nm အရွယ်အစားပဲရှိတာကြောင့် စွမ်းဆောင်ရည်ပိုင်းမြင့်လာပြီး စွမ်းအင်သုံးစွဲမှုကို ပိုချွေတာပေးနိုင်ပါတယ်။

ဒါ့အပြင် အရင်ကထက်ပိုကောင်းတဲ့ Gaming Experience ကိုခံစားရစေဖို့ Huawei ရဲ့ကိုယ်ပိုင်နည်းပညာ GPU Turbo (2.0) နည်းပညာက ဖန်တီးပေးမှာပါ။ ဒါကြောင့် Graphic Intensive ဖြစ်တဲ့ PUBG Mobile နဲ့ Asphalt 9 တို့လိုမျိူး ဂိမ်းတွေကိုတောင် အဆင်ပြေပြေဆော့နိုင်ပါတယ်။ Gamers တွေအတွက် သောကမများစေမယ့် Huawei P30 Lite ရဲ့ Special စွမ်းဆောင်ရည်ပါပဲ။

တစ်နေ့တာအတွက်လုံလောက်တဲ့ ဘက်ထရီပမာဏ

P30 Lite အတွက် Li-Po 3340 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး 9V/2A (18 w ) အမြန်အားသွင်းစနစ် ပါဝင်ပါတယ်။ ဘက်ထရီအား 41 % ရောက်ဖို့ နာရီဝက်ပဲအားသွင်းဖို့လိုပြီး 100% အပြည့်သွင်းဖို့ဆိုရင်တော့ (၁၀၅) မိနစ်ပဲလိုပါတယ်။ ဂိမ်းဆော့တာ၊ Social Network တွေသုံးတာနဲ့ ဗီဒီယိုကြည့် သီချင်းနားထောင်တာတွေကို တစ်နေ့တာလုံး အေးအေးဆေးဆေး သုံးလို့ရတဲ့ ဘက်ထရီပမာဏလို့ဆိုနိုင်ပါတယ်။

လွယ်ကူအသုံးတည့်တဲ့ အသိဉာဏ်ရှိလုပ်ဆောင်ချက်များ

Huawei ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ EMUI 9 မှာ အသိဉာဏ်ရှိလုပ်ဆောင်နိုင်ချက်တွေ ပိုပြီးတော့ ပါဝင်လာပါပြီ။ ဘယ်အချိန်မဆို လျှပ်တစ်ပြက်ဖွင့် လိုက်နိုင်တဲ့ Finger Print နဲ့ Face Unlock၊ ဈေးဝယ်တာနဲ့ အွန်လိုင်းဗဟုသုတရှာဖွေတာတွေအတွက် အကူအညီရစေမယ့် Hivision၊ ကြည်လင်ပြတ်သားတဲ့ 3D Surround Sound ကိုဖန်တီးပေးမယ့် Huawei Histen Sound System၊ အဝင်ဖုန်းကောလ်တွေအတွက် စိတ်ကြိုက်သတ်မှတ်ထားနိုင်တဲ့ Video Ringtones စနစ်နဲ့ Files တွေကို လက်ခံသူများစွာဆီ အမြန်ဆုံးနှုန်းနဲ့မျှဝေနိုင်တဲ့ Huawei Share 3.0 တွေက နေ့စဉ်ဘဝအတွက် တကယ့်ကို အသုံးဝင်တဲ့လုပ်ဆောင်ချက်တွေဖြစ်လာမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top