အသက် ၁၄ နှစ်အရွယ် ကော်နာ ဟယ်ဆာအမည်ရတဲ့ အထက်တန်းကျောင်းသားလေးဟာ သူ့မိသားစုနဲ့အတူ ငါးဖမ်းရင်း ငါးမဖမ်းမိဘဲ ငွေသားအပြည့်ပါတဲ့ ပိုက်ဆံအိတ်တစ်လုံးကို ဖမ်းမိခဲ့ပါတယ်။ သူ့ရဲ့ဝမ်းကွဲအစ်ကိုက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ အတွင်းမှာ ဒေါ်လာ ၂၀၀၀ အပြင် ဖုန်းနံပါတ်ပါတဲ့ Business card တစ်ခုလည်း ပါပါတယ်။

ကော်နာရဲ့အဖေက သူ့ကို ပိုင်ရှင်ထံ ပိုက်ဆံအိတ် ပြန်ပေးဖို့ပြောတော့ သဘောတူခဲ့ပါတယ်။ ဒီပိုက်ဆံတွေကို ပိုင်ရှင်က ကြိုးစားရှာထားရတဲ့အတွက် ဒါတွေက သူ့ရဲ့ပိုက်ဆံတွေပါပဲလို့ ကော်နာက ပြောပါတယ်။ နောက်တော့ သူ့မိသားစုက ပိုက်ဆံအိတ်ပိုင်ရှင် ဂျင်မ် ဒန်နေးကို ရှာနိုင်ခဲ့ပါတယ်။ ဂျင်မ်ကလည်း လွန်ခဲ့တဲ့ ၁ နှစ်လောက်က ငါးဖမ်းရင်း ပိုက်ဆံအိတ်ပျောက်သွားခဲ့တာပါ။
ဂျင်မ်ဟာ မကြာသေးခင်က ကော်နာတို့မိသားစုနဲ့ တွေ့ဖို့ မင်နီဆိုးတားပြည်နယ်ကို လာရောက်ခဲ့ပါတယ်။ ကျေးဇူးဆပ်ချင်လို့ ငွေသားပေးဖို့ လုပ်ခဲ့ပေမဲ့ ကော်နာက ဂျင်မ်ဆီက လေအေးပေးစက်ကိုပဲ လက်ခံခဲ့ပါတယ်။ ကော်နာကို သူ့ရဲ့မြေးအဖြစ် သတ်မှတ်သွားမယ်လို့လည်း ဂျင်မ်က ပြောပါတယ်။ ဂျင်မ်က ကော်နာတို့မိသားစုနဲ့ အပြင်ထွက်ပြီး ညစာစားခဲ့ကြပါသေးတယ်။
Ref: Teen Catches Wallet with $2K in Cash While Fishing — and Returns It to Farmer: ‘It Was His Money’
WL (ရိုးရာလေး)