အိုဘားမား ဆီက ချိုမြတဲ့ မွေးနေ့ဆုတောင်းလေး ရရှိခဲ့တဲ့ မီရှဲ

4846F8EE00000578-0-image-a-4_1516294900344.jpg

အမေရိကန်နိုင်ငံရဲ့ သမ္မတကတော်ဟောင်း မီရှဲအိုဘားမားက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အသက် ၅၄ နှစ် ပြည့်ခဲ့ပါတယ်။ သူမက အမေရိကန်သမိုင်းမှာ နာမည်ကောင်းဖြင့် ကျော်ကြားတဲ့ သမ္မတကတော်တစ်ဦးပါ။ ချီကာဂိုမြို့ အီလီနွိုက်ပြည်နယ်မှာ မွေးဖွားတဲ့ သူမဟာ နာမည်ကြီး ဟားဗတ်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ကို ၁၉၈၈ ခုနှစ်မှာရရှိခဲ့ပါတယ်။

၁၉၉၂ ခုနှစ် ၊ အောက်တိုဘာလမှာတော့ အိုဘားမားနဲ့လက်ထပ်ခဲ့ပါတယ်။

မီရှဲ ရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်စေဖို့ အိုဘားမားက သူတို့စုံတွဲပုံကို Instagram မှာတင်ပြီး မွေးနေ့ဆုတောင်းကိုလည်း ရိုမန့်တစ်ဆန်ဆန်လေး ရေးပြီး သူ့ရဲ့အချစ်ကို ဖော်ပြခဲ့ပါတယ်။ မီရှဲအတွက် အိုဘားမားရဲ့ မွေးနေ့ဆုတောင်းလေးကတော့ “မင်းဟာကိုယ့်ရဲ့ဇနီးမယား၊ ကိုယ့်ကလေးတွေရဲ့ မိခင်ဖြစ်ရုံသာမက ကိုယ့်ရဲ့ သူငယ်ချင်းကောင်း လည်းဖြစ်တယ်။ မင်းရဲ့စွမ်းရည်၊ ကျက်သရေရှိတဲ့မင်းအလှ၊ မင်းရဲ့စိတ်ဆုံးဖြတ်ချက်တွေကို ကိုယ်မြတ်နိုးတယ်။ တစ်ရက်ထက်တစ်ရက် ပိုပြီး မင်းကိုချစ်ပါတယ်။ ပျော်ရွှင်ဖွယ်မွေးနေ့ပါ” ဆိုပြီး ရေးထားတာပါ။

အိုဘားမားတင်လိုက်တဲ့ ပို့စ်ကိုဖတ်ပြီး မီရှဲကလည်း အိုဘားမားရဲ့မွေးနေ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားပြီး Instagram မှာ တင်ခဲ့ပါတယ်။

“ဒီမနက် အရမ်းလှတဲ့ ပန်းစည်းလေးရုံးကို ပို့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ယောက်ျားရေ။ ရှင်က ကျွန်မရဲ့ သူငယ်ချင်းကောင်း၊ ကျွန်မကို အားပေးနေတဲ့အမာခံ ပရိသတ်ဖြစ်ပြီး ရှင့်ဆီကရတဲ့ ပန်းစည်းတွေနဲ့ မွေးနေ့ဆုတောင်းစကားတွေက ကျွန်မအတွက်ဘယ်တော့မှ ရိုးအီမသွားပါဘူး။ဆိုရှယ်မီဒီယာကတဆင့် မွေးနေ့ဆုတောင်းစကားပြောပေးခဲ့တဲ့ နိုင်ငံအနှံ့ကလူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မွေးနေ့ဆိုတာက ပျော်ဖို့ကောင်းသလို ဝမ်းနည်းဖို့လည်း ကောင်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် သင်တို့ပေးပို့တဲ့ မက်ဆေ့ခ်ျတွေက မျှော်လင့်ချက်တွေ၊ သဘောထားပြည့်ဝမှုတွေ ပေးတဲ့အတွက် ကျွန်မတို့ ပျော်ရွှင်ရပါတယ်” ဆိုပြီး မီရှဲက ပြောခဲ့ပါတယ်။

မီရှဲကို မွေးနေ့ဂုဏ်ပြုတဲ့ အနေနဲ့ အိုဘားမား နဲ့ မီရှဲတို့ Imstagram မှာ အပြန်လှန်တင်ထားတဲ့ postတွေကို ဖတ်ရှု သူပေါင်း မရေမတွက်နိုင်လောက်အောင် ရှိခဲ့ပါတယ်။

Ref: Fabiosa: Michelle Obama Got A Sweet Message From Barack Obama On Her Birthday
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top