၈ နှစ်တာမှာ လူ ၃၈ ယောက်ကို အသက်ကယ်ပေးခဲ့တဲ့ ရဲခွေး ဂုဏ်ပြုဆုရရှိ

9-26-2022-yyl-35.jpg

တာဝန်ထမ်းဆောင်ခဲ့တဲ့ ၈ နှစ်တာကာလအတွင်း လူ ၃၈ ယောက်ကို အသက်ကယ်ပေးခဲ့တဲ့ ရဲခွေးလေးကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အနားယူ၊ ဆော့ကစားဖို့အတွက် ကမ်းခြေခရီးစဉ် လိုက်ပို့ခဲ့ပါတယ်။

၁၀ နှစ်အရွယ်ရှိတဲ့ ဂျာမန်သိုးထိန်းခွေး(German Shepherd) လူနာ(Luna)ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက စကော့တလန်ရဲအရာရှိ လင်ဒါမက်ဘရိုက်ရဲ့ ထိန်းသိမ်းမှုအောက်မှာ တာဝန် စတင်ထမ်းဆောင်ခဲ့တာပါ။ အဲဒီတုန်းက ခွေးမလေး လူနာဟာ ၁ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ လူနာဟာ လင်ဒါမက်ဘရိုက်တို့ သားအမိ ၂ ယောက်နဲ့အတူ နေထိုင်ခဲ့တာပါ။

အသက်အန္တရာယ် ဖြစ်နိုင်ခြေများပြားတဲ့ ပျောက်ဆုံးနေသူ ၃၈ ယောက်ကို ရှာဖွေကယ်ဆယ်ဖို့ လူနာက စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကဆိုရင် အိမ်က ပျောက်သွားသူတစ်ယောက်ကို ချုံပုတ်ထဲကနေ ပြန်ရှာပေးနိုင်ခဲ့ပါတယ်။ အဲဒီသူကို တွေ့ရှိချိန်မှာ ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းနေပေမဲ့ ဆေးရုံကို အချိန်မီ ပို့နိုင်ခဲ့လို့ အသက်ကယ်နိုင်ခဲ့တာပါ။

ဂျာမန်သိုးထိန်းခွေး လူနာဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ရဲခွေးအဖြစ်ကနေ အနားယူခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ Thin Blue Paw ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ လူနာဟာ သူ့တစ်သက်တာမှာ ပထမဆုံးအကြိမ်အဖြစ် ခရီးထွက်ခွင့်ရခဲ့ပြီး ကမ်းခြေမှာ ဆော့ကစားခွင့် ရခဲ့ပါတယ်။

Ref: Police Dog That Saved 38 Lives During 8-year Career is honored for Bravery–And Now Gets to Play on the Beach

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top