ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့အား ယာယီပိတ်သိမ်း

27-3-2020-yyl-036.jpg

COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့် မြို့နယ်က ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေးနဲ့ ရွှေပြည့်စုံဈေးတို့ကို ဒီနေ့ကစတင်ပြီး ယာယီပိတ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

အဲဒီဈေးတွေကို မတ် ၃၁ ရက်ကနေ ဧပြီ ၁၈ ရက်အထိ ယာယီပိတ်သိမ်းလိုက်တာဖြစ်ပြီးတော့ လိုအပ် လာလို့ရှိရင်လည်း ပိတ်သိမ်းကာလကို ထပ်မံတိုးမြှင့်သွားဖို့ရှိတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဈေးတွေဟာ အများပြည်သူဝင်၊ ထွက်သွားလာမှုများပြားတဲ့ဈေးကြီးတွေဖြစ်တဲ့အတွက် ဝင်၊ ထွက် သွားလာသူ လျှော့ချကန့်သတ်နိုင်ရေးနဲ့ ကူးစက်မြန်ရောဂါထိန်းချုပ်နိုင်ရေးတို့ကို ရည်ရွယ်ပြီး ယာယီပိတ်သိမ်းခဲ့ တာဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်စဉ်(၅)နဲ့ အမှတ်စဉ်(၁၀)တို့ဟာ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း နေထိုင်သူတွေ ဖြစ်နေပါတယ်။

COVID-19 ရောဂါ ထိန်းချုပ်ကုသနိုင်ဖို့အတွက် လူသုံးကုန်ပစ္စည်းတွေ၊ အများပြည်သူအတွက် အရေး တကြီးမလိုအပ်သော ကုန်ပစ္စည်းတွေကို ရောင်းချခွင့် ပိတ်သိမ်းခဲ့သော်လည်း ဈေးဝယ်စင်တာကြီးတွေနဲ့ ဆေးဆိုင် များကိုတော့ ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top