ကမ္ဘာကျော်ကြတဲ့ မသန်စွမ်း အလှပရေးရာ ဘလော့ဂါများ

close-up-beauty-blogger-talking-about-cosmetic-pro-QSVZU8X.jpg

လူမှုအသိုင်းအ၀ိုင်းက လောကရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ အပြင်အဆင်ဒီဇိုင်း များစွာ တို့ကို ေဘာင်ခတ်ထားပြီး စံချိန်စံနှုန်းများဖြင့် သတ်မှတ်ထားကြစမြဲဖြစ်တယ်။ ထိုဘောင် ခတ်ထားမှုများတွင် အလှအပ ရေးရာ နဲ့ ဖက်ရှင် လောက လည်းအ ပါအ၀င်ဖြစ်တယ်။ လူများရဲ့ အ တွေးထဲတွင် ထိုသို့သော အလှအပ ရေးရာကိစ္စများက အပြစ်အနာအဆာ မရှိတဲ့သူများကပဲ နေရာ၀င်ယူရမယ်လို့ ဆက်လက် ထင်နေကြဆဲဖြစ် တယ်။ အလှပရေးရာကိစ္စဆိုလို့ပြောလိုက် ရင်မိမိတို့အာရုံထဲမှာ ၀င်လာတာက တော့ ရုပ် ရည်​ချောမော လှပပြီး ဆွဲဆောင်မှုအပြည့် ရှိတဲ့ လူတွေရဲ့ မျက်နှာတွေ ပဲဖြစ်တယ်။

ဒါ့အပြင် လူအများစု က မော်ဒယ်၊ ရုပ်ရှင်အ​ ကျော်အမော်ဆိုရင် ရုပ်ရည်ချော မောရမည် ဆိုတဲ့ ပေတံက လည်းရှိပါသေးတယ်။ နောက်ပြီး အလှအပ ရေးရာဘ လော့ဂါများ ဆိုရင်လည်း ရုပ်ရည်ခံရှိကြတာကိုပဲ လူတွေက အသိများကြတာဖြစ်တယ်။ ဒါကြောင့် အပြစ်အနာအဆာရှိသူများအ နေနဲ့ ကြည့်ရင် အလှအပ ရေးရာကိစ္စများတွင် လူတွေက မဆိုင်သလို ဘေးဖယ်ထားကြသည်ကို ယ နေ့ထိတိုင်မြင်ေတွ့ရမည်မှာ မဆန်းပါ။ ဒါပေမယ့်ဒီလို တထစ်ချ ပုံစံခွက်တွေထဲကနေဖောက်ထွက်ကြတဲ့ လူတွေရှိနေပါပြီးဆိုတာ မ မေ့သင့်တော့ပါ။

တကယ်ေတာ့ ဖက်ရှင် နဲ့ အလှအပ ရေးရာကိစ္စ တွေဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ကြိုက်နှစ်သက်မှုများ နဲ့ သာ သက်ဆိုင်ပါတယ်။ မိမိတို့ရဲ့စိတ်နေ စိတ်ထား အပြုအမူ များကို မိမိတို့ ဘယ်လို ၀တ်စားဆင်ယင်တာနဲ့ လဲဖော်ပြကြပါတယ်။ နောက်ပြီးမိမိတို့ က ဘယ်သူဘယ်၀ါဆိုတာကို မိမိတို့ ဘယ်အရာတွေနဲ့ ၀တ်စားဆင်ယင် ချယ်သ ကြတဲ့အပေါ်မှာ လည်းသိနိုင်ပါတယ်။ ထိုသို့ဖြင့်လောကမှာ မိမိက ဘယ် သူလဲ ဆိုတာကိုဖော်ပြထားသလိုပေါ်လွင်စေပါတယ်။

မသန်စွမ်းသူများအတွက်တော့ မိမိဘယ်သူဘယ်၀ါဆိုတာကို ပြသဖို့ ၀ိုင်း၀န်းပံ့ပိုပေးမယ့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများ မရှိသလောက်ပါပဲ။ သူတို့အတွက် ထိုသို့မရှိရခြင်းကတော့ အလှအပရေးရာနဲ့ ဖက်ရှင် ကုမ္ပဏီများ၊ လုပ်ငန်းများသည် ယင်းတို့သတ်မှတ်ထားတဲ့ အလှအပစံ နှုန်းများနဲ့သတ်မှတ်ထားလို့ ဖြစ်ပြီး မသန်စွမ်း သူ တွေ အတွက်နေရာပိတ်ပင်ထားသလိုရှိပါတယ်။ ထိုကြောင့် သူတို့အတွက် စိတ်ပါ ၀င်စားေပမယ့် ကူညီပံ့ပိုးေပးမယ့် လူများလိုအပ်လျက်ရှိပါတယ်။

တဖက်တွင်လည်း ခေတ်ကာလအပြောင်းအလဲများရှိနေချိန် မသန်စွမ်းသူများကို ပံ့ပိုး ကူညီပေးတဲ့ ဖက်ရှင်နဲ့ အလှအပ ရေးရာ လုပ်ငန်းများ ရှိလာ သော်လည်း အစပဲရှိသေးလို့ ဆက်လက်ပြီး အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်င်ဖို့ နဲ့ သွားရမယ့်ခရီးလမ်းက များစွာကျန်ရှိနေဆဲဖြစ်တယ်။ လက်ရှိ ကာလမှတော့ အင်တာနက် ရှိလာလို့ ချိတ်ဆက်မှုကောင်းမွန်လာပြီး မသန်စွမ်း သူများ အတွက် ပိုပြီး အလှအပ ရေးရာ ကိုမျှဝေနိုင်နေကြပြီးဖြစ်တယ်။ အထူးသဖြင့် အင်စတာဂရမ် နဲ့ အွန်လိုင်းဆိုဒ်များ တွင်တော့ မသန်စွမ်း အလှ အပရေးရာလှုပ်ရှားသူများ ပိုမိုများပြီး အရှိန်အဟုန် ကောင်း လျှက်ရှိပါ တယ်။

မည်သို့ပဲ လိုအပ်ချက်ေတွ၊ ကန့်သတ်မှုတွေ ရှိလင့်ကစား မသန်စွမ်းဖြစ်ေနပေမယ့် ဖက်ရှင် နဲ့ အလှအပ ရေးရာ ကိစ္စနဲ့ ပတ်သက်လာရင် သြဇာအရှိန်အ၀ါကြီးတဲ့ လူ (၆) ယောက်ရှိနေ ပါတယ်။ သူတို့ကို အွန်လိုင်း သို့ အင်စတာဂရမ် က ေန follow လိုက် ထားဖို့ မမေ့ပါနဲ့။

၁။ Kaitlyn Dobrow (ကိတ်တလင် ဒိုဘရို)

Kaitlyn အ နေနဲ့ အလှအပ ဘလော့ဂါတစ်ဦးလည်းဖြစ်သလို၊ အင်စတာဂရမ် ပေါ်မှာ လည်းကျော်ကြားသူ၊ ဒါ့အပြင် မသန်စွမ်း အခွင့်အရေး တက်ကြွလှုပ်ရှား သူတစ်ဦး အဖြစ်သူသိများပါတယ်။ သူမဟာ အသက် (၁၉) နှစ်အရွယ် က ဦးနှောက်မြှေးရောင် ရောဂါကို ကုသစဥ်အတွင်းသူမရဲ့ ခြေလက်နှစ်ဖက် စလုံးကို ဖြတ်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူမဟာ မသန်စွမ်းဘ၀နဲ့ အသက်ရှင်ခဲ့ရပါတယ်။ သူမရဲ့ ဗီဒီယိုများကို ကြည့်ခြင်းဖြင့် သူမ ဘယ်လိုရှင်သန်နေထိုင်သလဲဆိုတာကို ပိုမြင်နိုင်ပါတယ်။

များသောအားဖြင့် သူမရဲ့ ဗီဒီယိုတွေဟာ ဟာသတွေ၊ ဆွဲဆောင်မှုတွေနဲ့ ချစ်ဖွယ် လည်းကောင်းပါတယ်။ သူမရဲ့ အင်စတာဂရမ်မှာ တော့ အမျိုးမျိုးသော ဆွဲဆောင် မှုတွေနဲ့ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံ နဲ့ ဗီဒီယိုအတိုလေးများကိုတွေ့ မြင်နိုင်မှာဖြစ်တယ်။ သင့်အနေနဲ့ သူမကို အင်စတာဂရမ်မှာ follow လုပ်ချင်ရင် kaitlyndobrow လို့ရိုက်ထည့် ရှာဖွေနိုင်ပြီး သူမကို စံနမူနာအတုယူနိုင်ပါတယ်။ မည်သို့ပဲ မပြည့်စုံမှုများနဲ့ ရှိနေပေမယ့် သူမရဲ့ ၀ါသနာ နဲ့ ရောက်ချင်တဲ့ ပန်းတိုင်ကို သူမ သွားနေတာကို ရှင်းရှင်း လင်းလင်းသိနိုင်ပါတယ်။

၂။Lucy Edwards (လူစီ အက်ဒ်​ဝေါ့စ်)

Lucy ကလည်း အလှအပရေးရာ ဘလော့ဂါ တစ်ဦးအဖြစ်ရပ်တည်နေပါတယ်။ သူမဟာ ယူကျု နဲ့ အင်စတာဂရမ် မှာလည်း အမြဲတမ်း တက်ကြွစွာ သူမရဲ့ သိထားတဲ့ ဗဟုသုတတွေကို ပရိသတ်တွေနဲ့ မျှ​ဝေပေးနေပါတယ်။ သူမက ဘ၀ ကိုမျက်မမြင် တစ်ယောက် အနေနဲ့ ဖြတ်သန်းနေပါတယ်။ ဒါ့ကြောင့် သူမ တင်တဲ့ ဓာတ်ပုံ နဲ့ ဗီဒီယို တွေကလည်း မျက်မမြင်တစ်ဦးရဲ့ နေ့စဥ်ဖြတ်သန်းမှုတွေနဲ့ သူမဘ၀ကိုဘယ်လိုခံစား သိရှိမှုစတဲ့အရာတွေနဲ့ ပတ်သက်နေပါတယ်။

ဆက်လက်ပြီး သူမဟာ အလွတ်တန်း သတင်းထောက်တစ်ဦးဖြစ်တဲ့ အပြင် မသန်စွမ်း သူအရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး သူမရဲ့ လူမှုမီဒီယာပလက် ဖောင်းကိုအသုံးပြုပြီး မသန်စွမ်းသူများ နဲ့ ပတ်သက်တဲ့ နားလည်မှုအသိပညာများကို လူထုဆီ မျှ​ဝေပေး ခြင်းအပါအ၀င် သူမအနေနဲ့ လည်း အံ့သြဖွယ်ကောင်းတဲ့ မိတ်ကပ်လက်စွဲများကိုလည်း မျှ​ဝေပေးလျက်ရှိပါတယ်။ ဒါနဲ့ သူမဟာ မကြာသေးခင်က အမေရိကန် နာမည်ကျော် မိတ်ကပ်တံဆိပ် ဖြစ်တဲ့ CoverGirl နဲ့ လက်တွဲပူးပေါင်းလိုက်ပါပြီး။ သူမရဲ့ အင်စတာဂရမ်ကို follow လိုက်လုပ်ချင်ရင်တော့ lucyedwardsofficial ဆိုပြီးရိုက် ထည့်ရှာဖွေနိုင်ပါတယ်။

၃။ Marimar Quiroa (မာရီမာ ခုရူ၀ါး)

Marimar လေးဟာ လက်တင်အမေရိကန်သူ ဖြစ်ပြီး သူမ အနေနဲ့ အလှအပရေးရာ ဘလော့ဂါတစ်ဦးဖြစ်သလို၊ ယူကျု အကျော်အမော် တစ်ဦးလည်းဖြစ်တယ်။ သူမဟာ အသက် ၂၅ နှစ်သာရှိသေးပြီး သူမရဲ့ အလှအပရေးရာ ဖက်မှာ အများနဲ့မတူအောင် စိတ်အားထက်သန်လွန်းသူတစ်ယောက်ပါ။ သူမရဲ့ မျက်နှာမှာ အသားပို များထွက်နေပြီး သူမ အွန်လိုင်းတွင်တင်သော ဗီဒီယိုများဟာ နားမကြား သူများ အတွက်ပိုမို သင့်လျှော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမအနေနဲ့ ဗီဒီယိုများတွင် စကားပြော သည့်အခါ လက်ဟန်ခြေဟန်နည်းနဲ့ ဖြစ်တဲ့အပြင် စာတန်းထိုး ထားမှုများ လည်းရှိပါတယ်။

ထူးခြားချက်ကတော့ Marimar ဟာ မိမိကိုယ်ကိုချစ်တတ်ခြင်း ကို တန်ဖိုးထားထောက်ခံမှု ပြင်းထန်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သာမန်လူတွေအတွက် တော့ သူမလို ဖြစ်တည်မှု ကို လက်ခံနိုင်ဖို့ မလွယ်ပါဘူး။ မည်သို့ပဲ တစ်မူထူးခြားမှုများနဲ့ ရှိနေပါစေသူမကတော့ အလျှော့မပေးတဲ့ သူတစ်ယောက်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ သူမကို စိတ်၀င်စားပြီး အင်စတာဂရမ်ကနေလိုက်ထားမယ်ဆိုရင်တော့ makeupartistgorda66 ကို ရိုက်နှိပ်ရှာ ဖွေနိုင်ပါတယ်။ ဒါ့အပြင် ယူကျု တွင်လည်းရှာဖွေနိုင်ပါတယ်။

၄။ Cailey Darling (ခဲလီ ဒါလင်)

Cailey ကတော့ ဘုရင်မ တစ်ပါးလို ပါပဲ။ သူမဟာ ဖက်ရှင်အကျော်အမော်တစ်ဦး ဖြစ်သလို အလှအပရေးရာ ဘလော့ဂါတစ်ဦးလည်းဖြစ်ပြီး သူမရဲ့ နေ့စဥ်ဘ၀ကို မသန်စွမ်းသူတစ် ယောက် အနေနဲ့ ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ထူးခြားချက်ကတော့ ခန္ဓာကိုယ် သေးသွယ်တဲ့အထဲမှာမပါပါဘူး။ ဒါ့အပြင်သူမဟာ အမြင်အာရုံချို့တဲ့သူ တစ် ဦးဖြစ်ပါတယ်။ သူမဟာ မသန်စွမ်းသူအခွင့်အရေးကို တက်ကြွလှုပ်ရှား နေသူ တစ်ဦးလည်းဖြစ်သလို လူမှုအသိုင်းအ၀ိုင်းရဲ့ မသန်စွမ်းသူတွေအပေါ် ချစ်ခင် အားပေး နှစ်သိမ့်မှုများရရှိစေရေး တက်ကြွစွာလုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Cailey ကတော့ သူမကို ​ဝေဖန် ထိုးနက်မှုတွေကို အမြဲအနိုင်ယူတတ်လေ့ရှိပါသေးတယ်။ သေချာတာ ကတော့ သူမဟာ မိမိဖြစ်တည်နေမှုကို အရှုံးမပေးပဲ ကြံ့ကြံ့ခံပြီး ရပ်တည်လျက်ရှိပါတယ်။ သူမကို အင်စတာဂရမ်မှာ follow လုပ်ထားချင်ရင်တော့ caileydarling ဆိုပြီး ရှာဖွေနိုင်ပါတယ်။

၅။ Tae Mackenzie (တေမခန့်ဇီ)

Tae က တော့ ရုပ်ရှင်မင်းသမီး၊ မော်ဒယ်နဲ့ မသန်စွမ်းသူအရေးတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင်သူမဟာ New York Fashion Week ရဲ့ မော်ဒယ် တစ်ဦးလည်းဖြစ်ပါတယ်။ သူမမှာရှားပါး၀က်ရူးပြန်ရောဂါကြောင့် ခန္ဓာကိုယ် ကြောများဆိုင်းစေခဲ့ပြီး လူနာထိုင်ဘီးတပ်ကုလားထိုင် နဲ့သာ သွား လာ လှုပ်ရှားရပါတယ်။ သူမ တင်တဲ့ အွန်လိုင်း ပို့စ်ေတွက တော့ အလွန် လန်းပြီးခေတ်ဆန်လှပါတယ်။ ဆက် လက်ပြီး သူမအ နေနဲ့ မသန်စွမ်တွေရဲ့ အခွင့်အ ရေးနဲ့ လူတိုင်းရဲ့ ဖြစ်တည်မှုကိုလေးစား ကြဖို့တောင်းဆိုနေသူတစ်ဦးဖြစ်ပါတယ်။ သင့်အ နေနဲ့ သူမကို အင်စတာဂရမ် မှာ follow လုပ်ထားချင်ရင်တော့ tae_mckenzie ဆိုပြီး ရိုက်နှိပ်ရှာဖွေနိုင်ပါတယ်။

၆။ Lolo (လိုလို)

အလှအပရေးရာ ဘ လော့ဂါ တစ်ဦး နဲ့ ဗီဒီယို ဘလော့ဂါ တစ်​ယောက်လည်းဖြစ်တဲ့ Lolo က တော့ မသန်စွမ်းသူများရဲ့ရွေးချယ်မှုနဲ့ ဖြစ်တည်မှုများ ကိုထောက်ခံ အား ပေး ကြဖို့ရှေ့တန်း ကနေပါ၀င်လုပ်ဆောင်နေပါတယ်။ သူမ အ နေနဲ့ ခန္ဓာကိုယ်ကြွက် သားများကို ဆိုင်းပြီး ချိနဲ့ စေတဲ့ ရောဂါကို ခံစာနေရပါတယ်။ Loloအ နေနဲ့ သူမရဲ့ဆရာဝန်တွေနဲ့ ဆေးကုသ အ တွေ့အကြုံကိုမျှဝေတဲ့အချိန်ဆိုရင် အားတက် သ ရောမျှဝေပေးလေ့ရှိပါတယ်။သူမကို အင်စတာဂရမ်ကနေ လိုက်ထားချင်ရင်ေတာ့ itslololove ဆိုပြီးရှာဖွေနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့ လူတွေကတော့ မိမိဖြစ်တည်နေတဲ့ အရာ တွေပေါ်မှာ မမူနေပဲ ဖြစ်ချင်တဲ့လမ်းကြောင်းကိုလျှောက်လှမ်း နေတာတွေ့မြင်နိုင်မှာဖြစ် တယ်။နောက်ဆုံး မှတော့ လောကမှာ ဘယ်အရာမဆို ဘောင်ခတ်ခြင်း (သို့) စံသတ်မှတ် ထားခြင်းသည် အားလုံးအတွက် မညီမျှမှုများ ကိုသာ သယ်ဆောင် လာစေပြီး လောက အတွက် အကျည်းတန်စေ တယ်လို့မိမိ မြင်မိပါတယ်။ ထိုအခက်အခဲ အတား အဆီးများ ကို ဖောက်ထွက်ဖို့ဆိုရင် တစ်ဦးတစ်ယောက်တည်း ပြင်လို့မရပဲ အားလုံး တန်းတူ လက်တွဲပြီး ထိုအိမ်မက်များကို အ ကောင်အထည်ဖော်ဖို့လိုပါတယ်။ မြန်မာပြည် အခြေနေနဲ့ကြည့်လျှင် မသန်စွမ်း အနုပညာရှင်များနည်း ပါးတဲ့ အပြင်ထောက်ခံ အားပေးမှုအားလည်း နည်းနေတာကို တွေ့နိုင်ပါတယ်။

အ ရေးကြီး သည်မှာ လူရယ်လိုဖြစ်တည် လာတဲ့ အ လျှောက် အလှအပ ရေးရာ နဲ့ သက်ဆိုင်နေသည်ကို ငြင်းပယ်လိုမရပါ။ သိသင့်သည်မှာ သဘာ၀တရားကြီးက တော့ ဘယ်သူ လှတယ် မလှ ဘူးလို့ တံဆိပ်ကပ်ထားခြင်းမရှိပဲ တန်းတူမြင်နေပြီး တကယ်တံဆိပ်ကပ်ထားသည်မှာ လူလူခြင်း ပင်ဖြစ်နေတာကို ၀မ်းနည်း စွာတွေ့နေနိုင်ပါ တယ်။ မသန်စွမ်းသူ လူငယ်များကို အားပေးချင် သည်မှာဝေဖန်မှုတွေ ကို ဘေး ချိတ်ထားပြီး မိမိဖြစ်လိုရာ ကို ရှေ့ဆက်လျှောက် လှမ်းပါ။ တစ်နေ့အောင်မြင်မှု ရရှိ လာလိမ့်မယ်လို ယုံကြည်ပါတယ်။ “Beauty is in the eyes of the beholder” ဆိုသလို အလှအပသည် ကြည့်ရှုသူရဲ့ မျက်စိတွင်သာရှိပါတယ်။ လှပမှုသည် လူသားအားလုံးတွင် သူအလှနဲ့သူရှိေနသည် ကို ကျွန်ေတာ်တို့ အသိအမှတ်ပြုပြီး အမြင်မှန်ရရှိကြပါစို့ လို့ တိုက်တွန်း ပါရ ေစ…။

Ref: The Tempest

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top