ရှမ်းပြည်နယ်က စစ်ဘေးရှောင်ယာယီစခန်းတွေမှာ လူဦးရေ (၁၈၀၀၀) ကျော် ခိုလုံနေရ

245128043_2057983144376474_7591781796315135329_n.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၉)

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမြို့နယ် (၇) ခုက စစ်ဘေးရှောင် ယာယီစခန်းတွေမှာ လူဦးရေ (၁၈၂၀၀) ခိုလုံနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မူဆယ်မြို့နယ်တွေမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် အခုလအတွင်းမှာပဲ လူဦးရေ (၂၇၀၀) ဝန်းကျင်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လူဦးရေ (၅၀၀၀) ဝန်းကျင်ဟာ အောက်တိုဘာလဆန်းထဲက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

အခုနှစ်မတိုင်ခင်ကပင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စုစုပေါင်း လူဦးရေ (၃၇၀၀၀၀) ဝန်းကျင်ဟာ စစ်ဘေးရှောင်ယာယီစခန်းတွေမှာ နေထိုင်နေရတာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံက လူသားချင်းစာနာမှုအခြေအနေတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ လုံခြုံရေးအခြေအနေတွေနဲ့ ကိုဗစ်ရောဂါတွေကြောင့် စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။

ပုံစာ- ရှမ်းပြည်နယ်တောင်ပိုင်းက နေရပ်စွန့်ခွာသူတွေ နေထိုင်ရာစခန်းကို ပြီးခဲ့သည့်စက်တင်ဘာလကုန်ပိုင်းက မြင်တွေ့ရပုံ။
Photo- UNHCR
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top