တက္ကဆက်ပြည်နယ်မှာ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ဖို့ အမိန့်ထုတ်

3-7-2020-yyl-004.jpg

တက္ကဆက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တဟုန်ထိုးမြင့်တက်လာလို့ လူမြင်ကွင်းကို ထွက်တဲ့အခါ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀ နဲ့အထက်ရှိတဲ့ စီရင်စုအားလုံး အကျုံးဝင်မှာဖြစ်ပြီး တက္ကဆက်ပြည်နယ်ရဲ့ စီရင်စု ၂၅၄ ခုအနက် အများစုအပေါ် သက်ရောက်မှုရှိစေမှာပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တက္ကဆက်ပြည်နယ်မှာ တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ဇူလိုင်လ ၄ ရက်မှာ အမေရိကန်နိုင်ငံ လွတ်လပ်ရေးအထိမ်းအမှတ် ကျင်းပဖို့ရှိနေလို့ ကမ်းခြေတွေကို ပိတ်သိမ်းတာ၊ မီးရှူးမီးပန်းပစ်ဖောက်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းတာမျိုး လုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂.၇ သန်းရှိနေပြီး လူ ၁၂၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်အရ ပထမအကြိမ်မှာ နှာခေါင်းစည်း မတပ်သူတွေကို သတိပေးမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံပျက်ကွက်ခဲ့ရင်တော့ အမေရိကန်ဒေါ်လာ ၂၅၀ ဒဏ်ရိုက်မှာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply