တစ်ရက်မှကျောင်းမပျက်ဘဲ ဘွဲ့ယူခဲ့တဲ့ ၈၈ နှစ်အဘွား

10-12-2020-yyl-012.jpg

အသက်အရွယ်ဆိုတာက “ကိန်းဂဏန်းအရေအတွက်”တစ်ခုသာသာပါပဲဆိုတာကို ထိုင်းနိုင်ငံက အဘွားတစ်ယောက်က သက်သေပြလိုက်ပြန်ပါပြီ။ မကြာသေးခင်က ထိုင်းနိုင်ငံရဲ့လူမှုကွန်ယက်အကောင့်မှာ အသက်ကြီးမှ တက္ကသိုလ်တက်ပြီး ဘွဲ့ရယူနိုင်ခဲ့တဲ့ အဘွား Sathaporn Phrom Sri ရဲ့အကြောင်းက ပျံ့နှံ့ခဲ့ပြီး လူတိုင်းကို စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့ပါတယ်။ အဘွား Sathaporn က အသက် ၈၀ မှာ Chiang Mai Rajabhat Universityရဲ့ Liberal Arts ဘာသာရပ်အတွက် စာရင်းပေးသွင်းကာ တက္ကသိုလ်တက်ရောက်ခဲ့တာပါ။ အဲဒီနောက် အသက် ၈၄ နှစ်မှာ အတန်းပြီးမြောက်ခဲ့ပြီး အသက် ၈၈ နှစ်မှာ တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။

အဘွားက အသက် ၈၈ နှစ်အရွယ်မှာ တရားဝင်ဘွဲ့လက်မှတ်ရရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူ Thanaphat Nawakaew က တင်ခဲ့တာဖြစ်ပါတယ်။ အဘွားက ဘွဲ့လက်မှတ်နှင်းအပ်တဲ့အခမ်းအနားမှာ တက္ကသိုလ်ပညာသင်ယူမှု ပြီးမြောက်ကြောင်းလက်မှတ်ကို King’s Representative က လက်ထဲထိ အပ်နှင်းလာဖို့အတွက် ဘွဲ့ဝတ်စုံဝတ်ပြီး စောင့်ဆိုင်းခဲ့ရပါတယ်။

အဘွားက ပျော်ရွှင်စွာနေတတ်တဲ့လူမှုဝန်ထမ်းတစ်ယောက်ဖြစ်ပြီး (၄) နှစ်တာ တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကို သူကိုယ်တိုင် သွားရောက်စာရင်းပေးသွင်းကာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ သူ့မှာ အဆင်မပြေတဲ့အချိန်၊ နေမကောင်းဖြစ်တဲ့အချိန်တွေရှိရင်တောင် တစ်ခါမှာ သင်ခန်းစာမလွှတ်အောင် ကျောင်းတက်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီး အဘွားဟာ သူတက်တဲ့အပတ်စဉ်မှာ သူကအသက်အကြီးဆုံးဖြစ်ခဲ့ပေမဲ့ ပျော်ရွှင်စရာတွေနဲ့ပြည့်နေခဲ့ကြောင်း၊ ပညာသင်ယူလေ့လာပြီးသွားတာက သူ့အတွက် ကြီးမားတဲ့အောင်မြင်မှုနဲ့ဘဝရဲ့ဆုလက်ဆောင်ဖြစ်ကြောင်း ဆိုပါတယ်။

“သင့်အသက်က အလုပ်လုပ်နိုင်မယ့်အသက်စံနှုန်းထက်ကျော်သွားရင်တောင် အသိပညာနဲ့အတွေ့အကြုံတွေမကန့်သတ်ထားသရွေ့တော့ ပညာသင်ယူဖို့အတွက် ဘယ်တော့မှ အသက်အရမ်းမကြီးပါဘူး”လို့ အဘွား Sathaporn က ပြောပါတယ်။ အဘွားSathapornရဲ့အောင်မြင်မှုက “ပညာလိုအိုသည်မရှိ” ဆိုတဲ့စကားကို သက်သေပြသွားခဲ့တဲ့အပြင် အသက်အရွယ်တွေက အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့အတွက် ကန့်သတ်မထားကြောင်း၊ အသိပညာတွေကလည်း သင်ယူလို့ကုန်တယ်မရှိကြောင်းကိုလည်း သက်သေပြသွားခဲ့တာဖြစ်ပါတယ်။

Ref: Thesmartlocalthailand “Thai Granny Breaks Age Barrier And Graduates Uni At 88, Never Missed A Single Class”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top