ပန်းချီအနုပညာကျောင်းတက်ရဖို့ ရှုခင်းပန်းချီကားတွေဆွဲပြီး ပိုက်ဆံရှာနေတဲ့ မိဘမဲ့ကောင်လေး

24-6-2020-yyl-060.jpg

ကျွန်တော်တို့တွေအားလုံးဟာ မတူတဲ့နောက်ခံအသိုင်းအဝိုင်း ကနေလာကြတာပါ။ မွေးကတည်းက ကျိကျိတက်ချမ်းသာတဲ့ မိသားစုကနေ လာတဲ့သူရှိသလို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုအသိုင်းအဝိုင်းက လာတဲ့သူ၊ ချမ်းသာတဲ့သူတွေ လောက်မသုံးနိုင်ပေမယ့် အသင့်တင့်နေထိုင် စားသောက်နိုင်တဲ့မိသားစုက လာတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလိုမတူတဲ့ နောက်ခံအသိုင်းအဝိုင်းက လာကြတဲ့သူတွေက ကိုယ့်ဘဝအသက်ရှင်နေထိုင်ရဖို့အတွက် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားနေကြရတာပါ။ သင်ဟာ ခက်ခဲကြမ်းတမ်းနေတဲ့ အချိန်တွေကို ကျော်ဖြတ်နေရပြီး ဘဝကိုတောင် စိတ်ကုန်နေပြီဆိုရင် အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးက သင့်ကို ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

ထိုင်းနိုင်ငံက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အွန်လိုင်းကနေ ပုံတွေဘယ်လိုဆွဲရလဲဆိုတာကို လေ့လာခဲ့ပြီး ပန်းချီတွေ ကြိုးစားရေးဆွဲခဲ့ပါတယ်။ အခုဆိုရင် သူဟာ တော်တော်တောင် ပန်းချီဆွဲတတ်နေပြီး ပန်းချီအနုပညာကျောင်းတတ်ရဖို့အတွက် ကျေးလက်ဒေသရှုခင်းပန်းချီကားတွေရေးဆွဲကာ ပိုက်ဆံရှာနေပါတယ်။ အဲဒီဆယ်ကျော်သက်ကောင်လေးက ကာလာဆင်စီရင်စုမှာ အဘိုးအဘွားတွေနဲ့ နေထိုင်နေတဲ့ အသက် (၁၈) နှစ်အရွယ် အာသ်ပါပဲ။ သူက အထက်တန်းကျောင်းအောင်မြင်ထားပြီး ပန်းချီပညာမှာ အရမ်းရူးသွပ်သလို အရည်အချင်းလည်းရှိပါတယ်။

သူ့အိပ်မက်က Arsom Silp Institute of The Arts မှာ ပန်းချီပညာသင်ယူရင်းနဲ့ သူ့ရဲ့ပန်းချီစွမ်းရည်တွေ တိုးတတ်လာအောင် လုပ်ဖို့ပါပဲ။ ဒါပေမဲ့ သူ့ရဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့အတွက် သူ့အဘိုးအဘွားတွေက သူတို့ရဲ့မြေနဲ့လယ်ကွင်းတွေအားလုံးကို ရောင်းရမယ်ဆိုတာ အာသ် သိပါတယ်။ ဒါကြောင့် သူ နေထိုင်ရာနေရာတစ်ဝိုက်က ကျေးလက်ဒေသရှုခင်းတွေ၊ သဘာဝအလှတရားတွေကို ပန်းချီရေးဆွဲရောင်းချပြီး ပိုက်ဆံရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်းချီကားတစ်ခုချင်းစီရဲ့အသေးစိတ်ရေးဆွဲရတဲ့ပေါ်မူတည်ပြီး ပန်းချီကားတွေကို ဘတ် ၂၀၀၀ ကနေ စပြီးရောင်းချပါတယ်။ အာသ်က YouTube ဗီဒီယိုတွေကို ကြည့်ပြီး ပန်းချီဆွဲနည်းပညာရပ်တွေကို လေ့လာခဲ့ပြီး ပုံမှန် လေ့ကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ပန်းချီကား (၁၀) ကျော်ကို ရောင်းနိုင်ခဲ့ပြီး သူ့ပညာရေးကို ရှေ့ဆက်နိုင်ဖို့အတွက် ပန်းချီကားတွေ ဆက်ပြီးဆွဲသွားမှာဖြစ်ပါတယ်။ အာသ်က သူ့ဘဝမှာ သူလိုချင်တဲ့အရာမှန်သမျှ မရခဲ့ပေမယ့်လည်း သူ့ဘဝကို အရှုံးမပေးဘဲ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။ အာသ်လည်း ပန်းချီကားတွေအများကြီးရောင်းရပြီး သူ တက်ချင်တဲ့ ပန်းချီအနုပညာကျောင်းကို တက်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်နော်။

Ref: 18-Year-Old Thai Orphan Creates Beautiful Landscape Paintings For Money To Enter Dream Art School

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top