ဘောက်ဆင်ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ ရှိနေတဲ့ မက်ဂရီဂေါ်

24-6-2020-yyl-059.jpg

UFC ပြိုင်ပွဲကနေ အနားယူပြီလို့ ကြေညာခဲ့တဲ့ အိုင်ယာလန် သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်က ဘောက်ဆင်ကြိုးဝိုင်းထဲ ပြန်ဝင်လာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ မက်ဂရီဂေါ်ဟာ အခုလအစောပိုင်းက ကျင်းပခဲ့တဲ့ UFC 250 ပြိုင်ပွဲအပြီး သိုင်းပေါင်းစုံ ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ ၄ နှစ်တာအတွင်း အနားယူပြီလို့ ၃ ကြိမ်မြောက် ကြေညာမှုဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဂရီဂေါ်က လေ့ကျင့်မှုလုပ်နေတဲ့ ဓာတ်ပုံတွေတင်ပြီးတဲ့နောက်မှာ ပရိသတ်တွေက သံဇကာဝိုင်းထဲကို သူ ပြန်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

” အဖေအားလုံးအတွက် ပျော်ရွှင်စရာ အဖေများနေ့ဖြစ်ပါစေ။ အထူးသဖြင့် ကျွန်တော့်အဖေနဲ့ ဒီးဒါအတွက်ပေါ့။ ကျွန်တော်ကတော့ ဒီနေ့ကို ကိုယ်ချစ်တဲ့သူတွေနဲ့ ခရမ်လင်းဘောက်ဆင်ကလပ်မှာ ရှိနေပါတယ်။ သာယာတဲ့နေ့လေးတစ်နေ့ပါ”လို့ မက်ဂရီဂေါ်က အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့တာပါ။ မက်ဂရီဂေါ်က အဲဒီလိုရေးသားခဲ့ပြီးနောက်မှာ မေဝယ်သာနဲ့ စိတ်မကျေပွဲ ပြန်ထိုးမှာလားဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက မေဝယ်သာနဲ့ထိုးတဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top