သခင့်ရုပ်အလောင်းဘေးမှာ မှိုင်တွေနေတဲ့ ခွေးလေး

Chile-662405.jpg

ပုံမှာ မြင်ရတဲ့ ခွေးလေး ကတော့ သေဆုံးသွားတဲ့ သခင်နားက ခွာမသွားဘဲ ညိုးငယ်တဲ့ သွင်ပြင်နဲ့ သခင့်ရုပ်အလောင်းဘေးမှာ လဲလျောင်းနေတဲ့ ခွေးလေး ဒိုကီ (Doki) ဖြစ်ပါတယ်။ ဒိုကီရဲ့သခင်ဖြစ်တဲ့ ဗဲလ်ဒက်စ် (Leonardo Valdes) ဟာ ချီလီနိုင်ငံ ကွန်ဆက်စီယွန်မြို့ (Concepción) မှာ ကားတိုက်ခံရလို့ ကွယ်လွန်သွားခဲ့တာပါ။

အခင်းဖြစ်ပွားရာ နေရာကို အရေးပေါ်အဖွဲ့ ရောက်လာချိန်အထိ ဒိုကီက သူ့သခင်ဘေးမှာ ရှိနေခဲ့ပါတယ်။ ဗဲလ်ဒက်စ်ရဲ့ ရုပ်အလောင်းကို မိုးကာဖျင်စနဲ့ ဖုံးအုပ်လိုက်ချိန်အထိ ဒိုကီက သူ့သခင်ဘေးမှာ လဲလျောင်းနေပြီး မှိုင်တွေနေတဲ့ ဒိုကီရဲ့ပုံကို အရေးပေါ်အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ဓာတ်ပုံရိုက်ကူးခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့တာပါ။

ဒီဓာတ်ပုံကို ကူးယူဖော်ပြသူ အများအပြားရှိခဲ့ပြီး ဖေ့ဘွတ်အသုံးပြုသူ တစ်ဦးကတော့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာစောင့်သိမှုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top