ကပ်ရောဂါအတွင်း ဆင်တွေကို ကျွေးဖို့အတွက် ကြံ တန်ချိန် (၆၀) ကို အလကား ပေးခဲ့တဲ့ ထိုင်းလူမျိုး ကြံခင်းပိုင်ရှင်

30-6-2020-yyl-036.jpg

COVID-19 ကပ်ရောဂါအတွင်းမှာ လူတွေရဲ့စီးပွားရေး ထိခိုက်နစ်နာခဲ့ရတဲ့အပြင် တိရစ္ဆာန်တွေလည်း အစာရေဆာအတွက် အခက်အခဲဖြစ်နေကြရပါတယ်။ ဆင်စခန်းတော်တော်များများလည်း Lockdown စည်းမျဉ်းတွေအရ ပိတ်ထားရတာကြောင့် လာရောက်လည်ပတ်သူလည်းမရှိတော့တဲ့အတွက် အခုဆိုရင် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေက ဆင်စခန်းတော်တော်များများကို ဆင်တွေ အစာကျွေးဖို့ မတက်နိုင်ဖြစ်စေခဲ့ပါတယ်။ ဆင်တွေကို အစာကျွေးဖို့ ငွေကြေး မလုံလောက်တာကြောင့် သူတို့ရဲ့ပြည်နယ်ကို ဆင်တွေ ပြန်ပို့ခဲ့ကြရပါတယ်။

ဆင်တွေ ထိခိုက်နစ်နာနေတဲ့အခြေအနေမှာ ထိုင်းသတင်းဌာနတစ်ခု Ejanက အလုပ်လက်မဲ့ဖြစ်နေတဲ့ဆင်တွေကို အစာကျွေးဖို့ အကူအညီပေးနိုင်မယ့် သူတို့ရဲ့ပရောဂျက်ကို ကြေညာခဲ့ပါတယ်။ နာမည်ပြောင် Oat ဆိုတဲ့ ကြံခင်းပိုင်ရှင်တစ်ဦးက သူတို့ကို ကူညီပေးနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီကြံခင်းပိုင်ရှင်က သူတို့ရဲ့ပရောဂျက်ကို ကူညီဖို့အတွက် ကြံ တန်ချိန် (၆၀) ကို အလကားပေးချင်တယ်လို့ သူတို့ကို ပြောခဲ့တာကြောင့် သူတို့ ဝမ်းသာပိတီဖြစ်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့အပတ်က Ejan သတင်းဌာနက Oatရဲ့ ကြံခင်းကို သွားပြီး ကြံရိတ်ဖို့အတွက် ဆင်ထိန်း (၃၀) ဝန်းကျင်နဲ့ စေတနာ့ဝန်ထမ်းတွေကို စုဆောင်းခဲ့ပါတယ်။ သူတို့က ကြံ တန်ချိန် (၄၀) ဝန်းကျင်လောက်သာ ရိတ်သိမ်းပြီး ပြန်သွားခဲ့ကြပါတယ်။ ကြံခင်းပိုင်ရှင်ကတော့ မလောက်ရင် အချိန်မရွေး ပြန်လာယူနိုင်တယ်လို့ ပြောပါတယ်။ သူက ကြံ တန်ချိန် (၆၀) ကို ရက်ရက်ရောရောနဲ့ အလကားပေးတဲ့အပြင် သူနဲ့သူ့သားလေးတို့ကလည်း ကြံရိတ်နေတဲ့ ဆင်ထိန်းနဲ့ အလုပ်သမားတွေအတွက် အစားအစာနဲ့ သောက်စရာရေတွေ ယူလာပေးခဲ့ပါတယ်။ ကြံတွေက အားလုံးစုစုပေါင်း (၂၀၀၀) လောက်တန်တယ်လို့ Oat က ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မိသားစုက ပရဟိတအဖွဲ့အစည်းနဲ့ ဘုန်းကြီးကျောင်းတွေကို ပုံမှန်လှူဒါန်းဖြစ်တဲ့အတွက် အခုလိုကူညီခွင့်ရတာ ပျော်တယ်လို့ ပြောပါတယ်။

Images credit to Ejan

Ref: thesmartlocal “Thai Plantation Owner Gives Away 60 Tons Of Sugarcane To Feed Unemployed Elephants”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top