ဗြိတိန်ဘုရင်မကြီးရဲ့ ရဲတိုက် ပတ်ဝန်းကျင်မှာ ကျင်ကြီး၊ ကျင်ငယ်စွန့်နေကြလို့ သတိပေးခဲ့ရ

30-6-2020-yyl-031.png

ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်(၂)ရဲ့ ရဲတိုက်ပတ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်သူတွေက ကျင်ကြီး၊ ကျင်ငယ်စွန့်ပြီး တစ်ရှူးအစိုတွေ စွန့်ပစ်ခဲ့ကြလို့ ရဲတိုက်အစောင့်အကြပ်က လူမှုကွန်ရက်ပေါ်ကနေ သတိပေးခဲ့ရပါတယ်။ ဗြိတိန်ဘုရင်မကြီးဟာ အားလပ်ရက်ကာလတွေကျရင် စကော့တလန် ကုန်းမြင့်ဒေသမှာရှိပြီး ဧက ၅၀၀၀၀ ကျယ်ဝန်းတဲ့ ဘယ်မိုရယ်ရဲတိုက်ကို မကြာခဏ လာရောက်လေ့ရှိပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာတော့ လန်ဒန်မြို့နားမှာရှိတဲ့ ဝင်ဆာရဲတိုက်မှာပဲ အနေများပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက် ဗြိတိန်နိုင်ငံမှာ အများပြည်သူဆိုင်ရာ အဆောက်အအုံ အများစု ( သန့်စင်ခန်းတွေလည်း ပါဝင်)ကို ပိတ်ထားပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို အိမ်အပြင်ဘက်မှာ လေ့ကျင့်ခန်းလုပ်တာ၊ စကားစမြည်ပြောတာမျိုး ခွင့်ပြုထားပါတယ်။ အဲဒီအတွက် လူတော်တော်များများဟာ အပြင်ထွက်ရင်း အပေါ့၊ အပါးသွားချင်တဲ့အခါ တောတိုးရပါတယ်။ ရဲတိုက်ပတ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်ရင်း အပေါ့၊ အပါးသွားချင်တဲ့အခါ တောတိုးဖို့ လိုပေမဲ့ လမ်းတွေနဲ့ အထိမ်းအမှတ် အဆောက်အအုံတွေဘေးမှာ တစ်ရှူးအစိုတွေ စွန့်ပစ်ထားတာမြင်ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဘယ်မိုရာရဲတိုက်ရဲ့ ဝန်ထမ်းတစ်ယောက်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။


” ကျင်ငယ်စွန့်ချင်ရင် ရေကန်တွေ၊ စမ်းချောင်းတွေနဲ့ အနည်းဆုံး မီတာ ၃၀ အကွာမှာ စွန့်ပေးပါ။ ကျင်ကြီးစွန့်ချင်ရင် ရဲတိုက်အဆောက်အအုံတွေ၊ လမ်းတွေ၊ ရေကန်တွေ၊ စမ်းချောင်းတွေ၊ ခြံမွေးတိရစ္ဆာန်တွေနဲ့ တတ်နိုင်သမျှဝေးဝေးမှာ စွန့်ပစ်ပါ။ တွင်းကို ခပ်တိမ်တိမ်တူးပြီး မစင်မြှုပ်ပါ။ ပြီးရင် မြေသားနဲ့ ပြန်ဖုံးခဲ့ပါ”လို့ ရဲတိုက်ဝန်ထမ်းက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

Ref: CNN “People are defecating outside the Queen’s vacation home”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top