မိကျောင်းကိုက်ခံရပေမဲ့ ဖြတ်ထိုးဉာဏ်ကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ၁၀ နှစ်သမီး

25.8.23-yyl-6.jpg

၁၀ နှစ်အရွယ် မိန်းကလေးငယ် ဂျူလီယာနာက ရေကန်ထဲမှာ ရေကူးနေတုန်း မိကျောင်း ကိုက်ခံရတယ်။ မိကျောင်းက သူ့ခြေထောက်တစ်ဖက်ကို ကိုက်ထားချိန်မှာ ဂျူလီယာနာက သူ့ကို လွှတ်ပေးအောင် မိကျောင်းခေါင်းကို လက်နဲ့ရိုက်တယ်။ ဒါပေမဲ့ မိကျောင်းက လွှတ်မပေးဘူး။ မိကျောင်းက ၉ ပေအရှည်လောက် ရှိတယ်။

အဲဒီအချိန်မှာ ဂျူလီယာနာက Gatorland ( မိကျောင်းဥယျာဉ်) ကို သွားလည်တုန်းက မိကျောင်းကိုက်တဲ့အခါ ဘယ်လို တုံ့ပြန်ရမလဲဆိုတဲ့ သရုပ်ပြကွက်ကို သတိရသွားတယ်။ သူက မိကျောင်း နှာခေါင်းပေါက်ထဲ လက်ထိုးသွင်းလိုက်တယ်။ အဲဒီအခါ မိကျောင်းက အသက်ရှူဖို့ ပါးစပ်ဟရတော့တာပေါ့။ ဂျူလီယာနာရဲ့ ခြေထောက်ကို လွှတ်ပေးရတယ်။

ဒီဖြစ်ရပ်ကတော့ ၂၀၁၇ ခုနှစ်၊ မေလက အော်လန်ဒိုမြို့မှာ ဖြစ်ပွားခဲ့တာပါ။ ဒီသတင်း ထွက်ပေါ်လာချိန်မှာ လူတွေက ဂျူလီယာနာရဲ့ ဖြတ်ထိုးဉာဏ်ကို ချီးကျူးခဲ့ကြပြီး ဖြတ်ထိုးဉာဏ်ကောင်းလို့ အသက်ရှင်ခဲ့တာဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: 10-Year-Old Florida Girl Pries Leg From Alligator’s Mouth

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top