COVID-19 ရဲ့ ရိုက်ခက်မှုဒဏ်ကြောင့် ယာယီသုံးမိုးကာတဲမှာ စာသင်ကြားရတဲ့ ထိုင်းစာသင်ကျောင်း

16-7-2020-yyl-002.jpg

စာသင်ခန်းအပြင်ဘက်မှာ စာသင်ရတယ်လို့ ပြောလိုက်ရင် သိပ္ပံရေးရာပရောဂျက်တွေနဲ့ ပတ်သက်ပြီး လုပ်ရတာကိုပဲ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံက စာသင်ကျောင်းတစ်ခုကတော့ ကပ်ရောဂါရဲ့ပြင်းထန်တဲ့ရိုက်ခက်မှုကြောင့် စာသင်ခန်းအပြင်ဘက်မှာ သင်ခန်းစာတွေကို ပို့ချသင်ကြားရပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ စာသင်ကျောင်းရဲ့ရန်ပုံငွေတွေ ရပ်ဆိုင်းထားခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းစီရင်စုဖြစ်တဲ့ မဟာ ဆာရာခန်းက Baan Ta Puan Sang Saeng ကျောင်းက မိုးကာတဲနဲ့ ယာယီစာသင်ခန်းလုပ်ပြီး ကျောင်းသားတွေကို စာသင်ကြားစေခဲ့ရပါတယ်။ သူတို့ရဲ့စာသင်ခန်းတွေက ဟောင်းနွမ်းနေပြီး အကုန်လုံး ခြစားသွားတာကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ ဒါကြောင့် ကျောင်းဒါရိုက်တာ ဘိုရာဝတ် မီထရာဝန်ဟာ အဲဒီအချိန်တုန်းက ကျောင်းဆောင်အသစ်ဆောက်ဖို့အတွက် ရန်ပုံငွေ ရထားပြီးသားဖြစ်တဲ့အတွက် ဖြိုချပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ COVID-19 ကြောင့် ရန်ပုံငွေက ရပ်ဆိုင်းထားရပြီး ကျောင်းသား/သူတွေ စာသင်ကြားရမယ့် စာသင်ခန်းမရှိဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ဆရာ/ဆရာမတွေမှာ ရွေးချယ်စရာမရှိခဲ့တဲ့အတွက် ယာယီသုံးမိုးကာတဲတွေနဲ့ စာသင်ခန်းအဖြစ် ဖန်တီးခဲ့ပြီး အဲဒီမှာပဲ မူကြိုကနေ ၉ တန်းအထိ ကျောင်းသား/သူ (၃၀၀) ကျော်က စာသင်ကြားခဲ့ရပါတယ်။

ကျောင်းသား/သူ (၁၇) ဦးရဲ့မိဘတွေက အခုလို စာသင်ယူရတဲ့အခြေအနေကြောင့် သူတို့က ဒီကျောင်းကထွက်ပြီး အခြားကျောင်းကို ပြောင်းခဲ့ကြတယ်လို့ ဘိုရာဝတ် မီထရာဝန်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ COVID-19 အခြေအနေက တိုးတက်ကောင်းမွန်နေပြီဖြစ်တဲ့အတွက် ကျောင်းသား/သူတွေ အရင်လို စာသင်ကြားနိုင်မယ့် စာသင်ခန်းရှိဖို့အတွက် စာသင်ကျောင်းတွေက လိုအပ်တဲ့ရန်ပုံငွေတွေ မကြာခင်ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Thai School Has To Hold Classes In Makeshift Tents After Suspended Funds Due To COVID-19

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top