သင့်မျက်လုံး ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်များ

shutterstock-677362576-768x430-1.png

အာဟာရ ပညာရှင်များအရ ဗီတာမင်များသည် မျက်လုံးကျန်းမာရေးတွင် အရေးပါသည်ဟု ဆိုကြပါတယ်။ မျက်လုံးကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်တစ်ခုချင်းစီ၏ အသုံးပြုပုံကို အောက်ဘက်တွင် အသေးစိတ် ဖေါ်ပြထားပါတယ်။ သင်နှင့် သင့်မိသားစု၏ မျက်လုံးကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအသောက်များ ကို ဖန်တီးကြပါဆို့။

ဗီတာမင် A နှင့် Beta-carotene

ဗီတာမင် A သည် အင်တီအောက်စီးဒင့်(ကင်ဆာကာကွယ်သော) ဓါတ်များစွာပါဝင်ပြီး မျက်လုံးအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ မျက်လုံးကြွက်သားများကို အားဖြည့်ကူညီပေးပြီး မျက်ကြည်လွှာအား ပိုးမွှား(ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်)များ ဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင် A နှင့် Beta-carotene ကို အသီးများ နှင့် အရွက်များစွာတွင် တွေ့ရှိနိုင်ပါတယ်။ ထို ဗီတာမင် A နှင့် Beta-carotene ဓါတ်များသည် ခန္ဓါကိုယ်အတွင်း ရောက်ရှိသည့်အခါ မျက်လုံးအတွက် များစွာ အကျိုးပြုသော retinol ဓါတ်အဖြစ် ပြောင်းလဲပါတယ်။ Beta-carotene ကို အဝါရောင် သို့မဟုတ် အနီရောင် အသီးအရွက်များဖြစ်တဲ့ မုန်လာဥနီ၊ ပဲစိမ်း၊ ငရုပ်ကောင်း၊ အာလူး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး နှင့် မုန်ညင်း တို့တွင် များစွာ ပါရှိပါတယ်။

ဗီတာမင် C

ဗီတာမင် C သည်လည်း မျက်လုံးတွင် ဖြစ်တတ်သော ရောဂါများစွာဖြစ်တဲ့ တိမ်စွဲခြင်း၊ ဆီးချိုကြောင့်ဖြစ်သော မျက်လုံးရောဂါ၊ မျက်လုံး ဂလော်ကိုးမားရောဂါ တို့ကို ကာကွယ်ပေးပါတယ်။ ထို့ပြင် မျက်လုံးဝန်းကျင်ရှိ ကြွက်သားများ၊ ကော်လဂျင် နှင့် မျက်ကြည်လွှာတို့ကို သန်မာစေပါတယ်။ ဗီတာမင် C ဟာ မျက်လုံးသွေးကြောများ လည်ပတ်မှုကိုလည်း ကောင်းမွန်စေခြင်းဖြင့် အသက်အရွယ်အိုမင်းခြင်းကြောင့် ဖြစ်တတ်သော ဆုတ်ယုတ်မှုများကို ကာကွယ်ပေးပါတယ်။ ဗီတာမင် C သည် အချဉ်ဓါတ်ပါသော အသီးများ နှင့် အရွက်များဖြစ်တဲ့ သံပရိုသီး၊ လိမ္မော်သီး၊ စပျစ်သီး စသည်တို့တွင် ပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအတွက် လတ်ဆတ်သော လိမ္မော်ရည်တစ်ခွက် ကိုနေ့စဉ် သောက်သုံးသင့်ပါတယ်။

ဗီတာမင် E

ဗီတာမင် E သည် အသက်အရွယ်ကြီးခြင်းကြောင့် ဖြစ်တတ်သော ဆုတ်ယုတ် ပျက်စီးမှုများ နှင့် မျက်လုံးတိမ်စွဲခြင်းများကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ကို အယ်လ်မွန်အစေ့၊ နေကြာစေ့၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ သရက်သီး နှင့် ပဲများ တွင် တွေ့နိုင်ပါတယ်။

Lutein and Zeaxanthin

Lutein and Zeaxanthin ဟာ ရောင်ခြည်အပြာရောင်ကြောင့်မျက်လုံးထိခိုက်ခြင်း၊ အောက်စီဒေးရှင်းကြောင့် မျက်လုံးထိခိုက်ခြင်း၊ နှင့် မျက်လုံး ဆုတ်ရုတ်ပျက်စီးခြင်းတို့ကို ကာကွယ်ပေးနိုင်သည်ဟု သုတေသန ပညာရှင်များက ဆိုကြသည်။ ထို Lutein and Zeaxanthin ဓါတ်များကို ကရိုတီးနွုက် ဟု ခေါ်ပြီး အစိမ်းရောင် အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ စသည်တို့တွင် တွေ့ရှိနိုင်ပါတယ်။

ဗီတာမင် D

မျက်လုံးအထူးကု ဆရာဝန်များက နေရောင်ခြည် နုနု ခံယူခြင်းသည် ခန္ဓါကိုယ်မှ ဗီတာမင် D ထုတ်လုပ်မှုကို ဖြစ်စေသောကြောင့် မျက်လုံးကို ကျန်းမာစေပါတယ်။ ထို့ပြင် ဗီတာမင် D သည် မျက်လုံးဆုတ်ယုတ်ပျက်စီးမှုများကို ကာကွယ်ပေးပြီး အမြင်အာရုံကို ကောင်းစေပါတယ်။ နေရောင်ခံခြင်းအပြင် ဗီတာမင် D ရရှိနိုင်သော အစားအစာများစားနိုင်ပါတယ်။ ဥပမာ-ဆယ်လ်မွန်ငါး၊ နို့ နှင့် နို့ထွက်ပစ္စည်းများ၊ ဆာဒင်းငါး၊ မက်ကရယ်ငါး တို့ဖြစ်ပါတယ်။

အိုမီဂါ ၃ အဆီအက်စစ်ဓါတ်

ထိုဓါတ်သည် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ မျက်ရည်ထွက်စေခြင်း၊ မျက်လုံးတွင်း ဖိအားကို လျော့စေခြင်း၊ အသက်ကြီးခြင်းကြောင့် မျက်လုံး ဆုတ်ယုတ်ပျက်စီးခြင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ငါးကြီးဆီ၊ အိုးလစ်အဆီ၊ နေကြာဆီ၊ ပဲအမျိုးမျိုးတို့တွင် အိုမီဂါ ၃ အဆီအက်စစ်ဓါတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါးကို ပုံမှန်စားသုံးသင့်ပါတယ်။

သဘာဝအစားအစာများမှ ရရှိသော ဗီတာမင်ဓါတ်များသည် ခန္ဓါကိုယ်အတွက် များစွာ အထောက်အကူပြုပါတယ်။ ထို့ကြောင့် စားသုံးသင့်ပါတယ်။ သိုသော် အခြားမှ ရရှိသော ဗီတာမင်ဓါတ်များကိုလည်း မျက်လုံးကျန်းမာရေးအတွက် အသုံးပြုနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Nyan Linn

Ref : Hellosayarwon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top