ရုရှားနိုင်ငံရဲ့ ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထိုးနှံသွားမယ်လို့ ဒူတာတေး ပြော

11-8-2020-yyl-026.jpg

ရုရှားနိုင်ငံရဲ့ ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သူကိုယ်တိုင် ထိုးနှံခံဖို့ ဆန္ဒရှိတယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောပါတယ်။ ဂါမာလီယာသုတေသနစင်တာက ဖော်စပ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သြဂုတ်လ ၁၁ ရက်မှာ ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြီး မှတ်ပုံတင်လိုက်ပါပြီ။ ရုရှားနိုင်ငံက ဖော်စပ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံခံသူတွေထဲမှာ ရုရှားသမ္မတပူတင်ရဲ့သမီးလည်း ပါဝင်ခဲ့ပါတယ်။

ရုရှားနိုင်ငံက သူတို့ရဲ့ကာကွယ်ဆေးကို အတည်မပြုခင်ကတည်းက ဖိလစ်ပိုင်နိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ပံ့ပိုးပေးသွားမယ်လို့ ရုရှားသမ္မတ ပူတင်က ကမ်းလှမ်းခဲ့ပြီး ဒူတာတေးက ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ ” ကာကွယ်ဆေးတွေ ရောက်လာရင် ကျွန်တော်လည်း လူသိရှင်ကြား ထိုးနှံသွားမှာပါ။ ကျွန်တော့်ကိုယ်ကိုယ် စမ်းသပ်တာ ကောင်းပါတယ်။ ကျွန်တော့်အတွက် ထိရောက်မှုရှိရင် အားလုံးအတွက်လည်း ထိရောက်မှာပါ”လို့ ဒူတာတေးက ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ ကာကွယ်ဆေးက ထိရောက်မှုရှိလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဒူတာတေးက ဆိုပါတယ်။

Ref: DW ” Philippines’ Duterte volunteers to be Putin’s Russian coronavirus vaccine guinea pig”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top