“ကနေတဲ့ကြောင်လေး” လို့နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံက ကြောင်လေး

yyl-014-9.jpg

လူမှုကွန်ယက်မှာ တိရစ္ဆာန်လေးတွေကလည်း နေရာယူထားကြပါတယ်။ ဒါက ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။ ကြောင်လေး၊ ခွေးလေးတွေရဲ့ ဗီဒီယို၊ ပုံ၊ meme သန်းပေါင်းများစွာကို လူမှုကွန်ယက် အကောင့်တွေမှာ ကျွန်တော်တို့တွေမြင်တွေ့ရမှာပါ။ တချို့တိရစ္ဆာန်လေးတွေဆိုရင် ကိုယ်ပိုင်အင်စတာဂရမ်အကောင့်၊ ဖေ့စ်ဘွတ်ခ်အကောင့်တွေတောင်ရှိပြီး လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ နာမည်ကြီးလို့နေပါတယ်။


အင်စတာဂရမ်မှာ နာမည်ကြီးနေတဲ့ကြောင်တွေထဲမှာ ဂျပန်နိုင်ငံက အသက် (၃) နှစ်အရွယ် ချာကို (Chaco) ဆိုတဲ့ ကြောင်လေးလည်း အပါအဝင်ပါ။ အဲဒီကြောင်လေးက “ကနေတဲ့ကြောင်လေး” အဖြစ် လူသိများနေတာဖြစ်ပါတယ်။ ချာကိုရဲ့ကနေသလိုဖြစ်နေတဲ့ Poseအမျိုးမျိုးနဲ့ပုံတွေဟာ လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ချာကိုလေးက အင်စတာဂရမ်ဆယ်လီကြီး ဖြစ်နေတာပါ။ ချာကိုကတာက ဘဲလေးအက၊ လေပေါ်မှာဝဲပြီး ကတဲ့အက၊ ကြမ်းပြင်ပေါ်လှည့်ပြီးကတဲ့အကအစရှိတဲ့အကတွေအပြင် အကမျိုးစုံပါပဲ။

“Wakaponsan” က ချာကိုရဲ့အင်စတာဂရမ်အကောင့်ဖြစ်ပြီး follower တွေကတော့ အများကြီးပါ။ ကနေတဲ့ ချာကိုနဲ့ သူ့အစ်မ ဆူဇူကာတို့ရဲ့ချစ်စရာပုံလေးတွေကို အဲဒီအင်စတာဂရမ်အကောင့်မှာ တွေ့ရမှာဖြစ်ပါတယ်။ ချာကိုရဲ့သခင်က တိရစ္ဆာန်ကယ်ဆယ်ရေးမှာ တိရစ္ဆာန်တွေအတွက် အစားအစာလှူဒါန်းရင်း ချာကိုကိုတွေ့ပြီး မွေးစားခဲ့တာဖြစ်ပါတယ်။

Ref: Boredpanda “This “Dancing” Cat From Japan Has Some Serious Moves”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top