ကမ္ဘာ့ကုလသမဂ္ဂက ပေးအပ်တဲ့ဆုကိုရရှိခဲ့တဲ့အတွက် နယူးယောက်မြို့လယ်ခေါင်မှာ ဂုဏ်ပြုခံရတဲ့ကိုဇော်ရဲနောင်

shwetaungnyogyi32.jpg

ရွှေတောင်ညိုကြီး သြဂဲနစ်မွေးမြူရေးလုပ်ငန်းရဲ့ ပူးတွဲတည်ထောင်သူ၊ သဘာဝကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုဇော်ရဲနောင်ဟာ ၂၀၁၉ခုနှစ် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးမှု ဦးတည်ချက်များ (SDG) ဆိုင်ရာ စီးပွားရေးရှေ့ဆောင်လူငယ် (၁၀) ဦးမှာ ပါဝင်ခဲ့ပါတယ်။ အခုလို (၁၀) စာရင်းမှာ မြန်မာနိုင်ငံက ကိုဇော်ရဲနောင် ပါဝင်ခဲ့ကြောင်းကို ကုလသမဂ္ဂ Global Compact အဖွဲ့ကြီးက နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာလ (၁၆) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရွှေတောင်ညိုကြီးခြံကို စတင်တည်ဆောက်စဉ်က ကူညီပေးခဲ့သော ဒေသခံရွာသားများနှင့် ရွှေတောင်ညိုကြီး တည်ထောင်သူနှစ်ဦးကို တွေ့ရစဉ်

ရွှေတောင်ညိုကြီးနှင့် ယုံကြည်စွာလက်တွဲသည့် ကျေးလက်ဒေသမှ ပြည်သူများအား ရွှေတောင်ညိုကြီးတည်ထောင်သူ နှစ်ဦးနှင့်အတူ တွေ့ရစဉ်

ကိုဇော်ရဲနောင်က ကမ္ဘာ့ကုလသမဂ္ဂက UN SDG Pioneer 2019 ဆုကို ကျေးလက်ပြည်သူများဖွံ့ဖြိုးတိုးတက်စေမှု (Advancing Local People) ခေါင်းစဉ်နဲ့ ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ အထွေထွေညီလာခံကျင်းပတဲ့အချိန်မှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ရွှေတောင်ညိုကြီးနှင့် ယုံကြည်စွာလက်တွဲသည့် မွေးမြူရေးပညာရှင်နှင့် လုပ်ငန်းရှင် ဦးမျိုးအောင်အား ကိုဇော်ရဲနောင်အား အတူတွေ့ရစဉ်

ရွှေတောင်ညိုကြီး၏ နမူနာခြံသို့ လာရောက်လေ့လာသည့် ကျေးလက်ဒေသမှ ပြည်သူများအား ရွှေတောင်ညိုကြီးတည်ထောင်သူ ဦးမာန်သူရှိန်က ရှင်းလင်းပြောကြားနေစဉ်

ရွှေတောင်ညိုကြီး၏ ကြက်ဥထည့်သော ဝါးခြင်းကလေးများ ယက်လုပ်ပေးနေသည့် မိသားစုတစ်စုနှင့်အတူ ကိုဇော်ရဲနောင်ကို တွေ့ရစဉ်

ရွှေတောင်ညိုကြီးနှင့် ယုံကြည်စွာလက်တွဲဆောင်ရွက်နေသော မွေးမြူရေးပညာရှင်နှင့် လုပ်ငန်းရှင် ဒေါ်နွဲ့နွဲ့စန်းကို ရွှေတောင်ညိုကြီး တည်ထောင်သူ နှစ်ဦးနှင့်အတူ တွေ့ရစဉ်

ရွှေတောင်ညိုကြီး၏ နမူနာခြံသို့ လာရောက်လေ့လာသည့် ကျေးလက်ဒေသမှ ပြည်သူများအား ရွှေတောင်ညိုကြီးတည်ထောင်သူ ဦးမာန်သူရှိန်က ရှင်းလင်းပြောကြားနေစဉ်

ရန်ကုန်မြို့သို့ တင်ပို့ရန်အတွက် ပြင်ဆင်နေသည့် ကျေးလက်ဒေသမှ ပြည်သူတစ်ဦး

သဘာဝကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုဇော်ရဲနောင်က နိုင်ငံအတွက် ဂုဏ်ရှိစေတဲ့ ကမ္ဘာရဲ့ အသိအမှတ်ပြုမှုတစ်ခုရအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ အခုလို အသိအမှတ်ပြုခံရတာဟာ ရွှေတောင်ညိုကြီးက ယုံကြည်ထားတဲ့လမ်းကို သူနဲ့အတူထပ်တူယုံကြည်ချက်အပြည့်နဲ့ အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်လယ်သမားတွေ၊ မွေးမြူရေးသမားတွေနဲ့ ယုံကြည်စွာအားပေးတဲ့စားသုံးသူတွေရဲ့ ကျေးဇူးတရားကြောင့်သာ ရရှိခဲ့တာဖြစ်ကြောင်း၊ ဒီဆုက လယ်သမားတွေ၊ မွေမြူရေးသမားတွေနဲ့ စားသုံးသူတွေကို ရည်ညွှန်းတာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

ရွှေတောင်ညိုကြီးမှ အစဉ်အားကိုအားထားရသည့် ခြံလုပ်သားများ

ရွှေတောင်ညိုကြီးမှ ထုတ်လုပ်သည့် လွှတ်ကြောင်းကြက်ဥနှင့် သဘာဝကြက်သွန်ဖြူများကို ဝယ်ယူနေသူတစ်ဦးကို တွေ့ရစဉ်

ကြက်စာအတွက် စိုက်ပျိုးထားသည့် ပြောင်းခင်းတစ်ခုအား တွေ့ရစဉ်

ရွှေတောင်ညိုကြီး စတင်တည်ထောင်ခဲ့သော ငပုတောမြို့နယ်မှ လွှတ်ကြောင်းခြံ တည်ဆောက်ခဲ့စဉ်

ရွှေတောင်ညိုကြီးမှ ထုတ်လုပ်သည့် လွှတ်ကြောင်းကြက်ဥနှင့် သဘာဝကြက်သွန်ဖြူများကို ဝယ်ယူနေသူတစ်ဦးကို တွေ့ရစဉ်

ဒီကနေ့ စက်တင်ဘာလ (၂၅) ရက်နေ့မှာတော့ ၂၀၁၉ခုနှစ် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးမှု ဦးတည်ချက်များ (SDG) ဆိုင်ရာ စီးပွားရေးရှေ့ဆောင်လူငယ်တွေနဲ့အတူ ကိုဇော်ရဲနောင်ရဲ့ပုံကို နယူးယောက်မြို့လယ်ခေါင်မှာ ပြသရင်းနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ကုလသမဂ္ဂကပေးအပ်တဲ့ဆုနဲ့ နယူးယောက်မြို့လယ်ခေါင်မှာ ကိုရဲနောင်ဂုဏ်ပြုခံရတဲ့အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ထပ်တူထပ်မျှဝမ်းသာဂုဏ်ယူမိပါတယ်။

Ref: Shwe Taung Nyo Gyi’s fb, YangonStockNews
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top